Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeMoviesဂျပန်နှင့်ဗီယက်နမ်တို့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်ရန်သဘောတူ

ဂျပန်နှင့်ဗီယက်နမ်တို့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်ရန်သဘောတူ

ကျိုဒို၊ ဒီဇင်ဘာ ၄

ဂျပန်နှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ပုံဖော်ရန် ကြာသပတေးနေ့တွင် အဆင့်မြင့်ဆွေးနွေးပွဲ၌ သဘောတူညီခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက တောင်နှင့် အရှေ့တရုတ်ပင်လယ်များကို တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားလာသည်ကိုသိရှိရပြီးနောက်တွင် ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှီဂေရူ အီရှီဘား ၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဧပြီလတွင် ချမှတ်ခဲ့သော မူဘောင်တစ်ရပ်အရ နှစ်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများအကြား ပထမဆုံးတွေ့ဆုံမှုမှထွက်ပေါ်လာ‌သော သဘောတူညီချက်ဖြစ်သည်။

ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံ၏ တရာအစိုးရ လုံခြုံရေး အကူအညီအစီအစဉ်ကို နှစ်ဘက်ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် သာယာဝပြောရေးကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏အစီအစဉ်နှင့်အညီ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏အကြီးတန်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟီရိုယူကီ နာမာဇူး ၊ ၎င်း၏ ကာကွယ်ရေးဝန်ကြီး န်ွိုင်မင်းဝူး နှင့် နိုင်ငံတကာရေးရာ ဂျပန်ကာကွယ်ရေးဒုတိယဝန်ကြီး ကိုဇီ ကာနို နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ဟွမ် ဆွမ်း ချီယန်း တို့ကလည်း ဝန်ထမ်းဖလှယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

သယံဇာတပေါကြွယ်ဝသော တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံသည် ၎င်း၏စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသောကြောင့် မကြာသေးမီနှစ်များအတွင်း ဂျပန်သည် ဗီယက်နမ်နှင့် အခြားသောအာဆီယံအဖွဲ့ဝင်များနှင့် လုံခြုံရေးဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

ဗီယက်နမ်သည် တောင်တရုတ်ပင်လယ်ရှိ စပရက်လီ ကျွန်းစု နှင့် ပါရာဆဲလ် ကျွန်းစုများကြောင့် တရုတ်နှင့် ပိုင်နက်အငြင်းပွားနေပြီး ဂျပန်နှင့် တရုတ်တို့က အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်တို့ အုပ်ချုပ်သော ဆင်းကာကူး ကျွန်းစုများ၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071