Wednesday, January 22, 2025

ဘာလီ၌မြေပြို၍ လူ ၅ ဦး‌ေ-သဆုံး

ဂျကာတာ၊ဇန်နဝါရီ ၂၀ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တနင်္လာနေ့က မြေပြိုရာ ဆောက်လုပ်ရေးလုပ်သား ငါးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်အရ အဆိုပါအလုပ်သမားများနေထိုင်ရာနေရာ၌ မြေပြိုခဲ့ကြောင်းသိရသည်။မြေပြိုမှု၌ အလုပ်သမားသုံးဦးမှာ လွတ်မြောက်ခဲ့ပြီး...

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန်...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း...

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ...

၂၀၂၄ ခုနှစ်တွင် RCEP နိုင်ငံများနှင့်...

၂၀၂၄ ခုနှစ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၃၄ ဒဿမ ၅၂...
HomeNewsLocal Newsဂျပန်နိုင်ငံ၏ Young Leaders'...

ဂျပန်နိုင်ငံ၏ Young Leaders’ Program (YLP)ပညာသင်ဆု လျှောက်ထားနိုင်

ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology of Japan (Monbukagakusho: MEXT) မှ “Young Leaders’ Program (YLP)” အစီအစဉ်ဖြင့် Master of Business Administration Course နှင့် Master of Law Course ပညာသင်ဆု အစီအစဉ်သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုကို ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊ အသင်းချုပ်အသင်းဝင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုရရှိပါက Monthly Allowance, Education Fees နှင့် Travelling Cost တို့ကို ပညာသင်ဆုအစီအစဉ်မှ ခံစားခွင့်ရရှိမည်ဖြစ်သည်။

ယင်းပညာသင်ဆုပေးအပ်ရခြင်းသည် အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန်နှင့် ဂျပန်နှင့် အာရှနိုင်ငံများ အကြား မူဝါဒရေးရာ စီစဉ်ဆောင်ရွက်မှု အရည်အသွေးများ တိုးတက်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်နှင့် ဂျပန် နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေရန် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာ နှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့)ဝန်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင် (သို့)ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ၊ UMFCCI အသင်းဝင်ကဒ် (အနည်းဆုံးသက်တမ်း ၁နှစ်)ရှိ မိတ္တူ၊ ပညာသင်ဆု လျှောက်လွှာမူရင်း နှင့် မိတ္တူ (၁)စုံ ပူးတွဲလျက် ဩဂုတ်လ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီးအသင်းချုပ် HRD ဌာနသို့ လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။

လျှောက်ထားလာသူများကို အသင်းချုပ်မှ သတ်မှတ် Criteria များနှင့်အညီ စိစစ်ရွေးချယ်ပြီး သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက HRD ဌာန ၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~၄၉၊ Ext: ၁၃၃၊ ၁၃၄ နှင့် ၀၁-၂၃၀၂၄၈၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘာလီ၌မြေပြို၍ လူ ၅ ဦး‌ေ-သဆုံး

ဂျကာတာ၊ဇန်နဝါရီ ၂၀ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တနင်္လာနေ့က မြေပြိုရာ ဆောက်လုပ်ရေးလုပ်သား ငါးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်အရ အဆိုပါအလုပ်သမားများနေထိုင်ရာနေရာ၌ မြေပြိုခဲ့ကြောင်းသိရသည်။မြေပြိုမှု၌ အလုပ်သမားသုံးဦးမှာ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။ မြေပြိုရာတွင် အဆောက်အအုံများကို ဖုံးသွားသဖြင့် ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများကို ပြန်ထုတ်ယူနိုင်ရန် မြေတူးစက်များဖြင့် အသုံးပြုရှာဖွေနေရသည်ဟုလည်း အာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။ လက်ရှိအချိန်အထိ မြေပြိုမှုဖြစ်ရသည့်အကြောင်းအရင်းအား ခိုင်ခိုင်လုံလုံမသိရသေးသော်လည်း ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများအား မည်သူမည်ဝါသိနိုင်ရန်အတွက် နီးစပ်ရာဆေးရုံများသို့ပို့‌ဆောင်ထားသည်ဟုလည်းသိရသည်။ အင်ဒိုနီးရှားသည် မိုးရာသီကာလအတွင်း သဘာဝဘေးအဖြစ်များလေ့ရှိပြီး နိုင်ငံ၏အလယ်ပိုင်း၌လည်း လက်ရှိအချိန်အထိ မြေပြိုမှုကြောင့်‌ေ-သဆုံးသူ ၁၈ ဦးရှိလာနေပြီဟုသိရသည်။ Source : ရှင်းဟွာ

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန် အင်္ဂါနေ့တွင် အစိုးရအဖွဲ့က သဘောတူလိုက်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Paopoom Rojanasakul က ပြောကြားသည်။ သို့သော်လည်း လက်ရှိ ရေနံအခွန်တွင် ပါဝင်လာမည်ဖြစ်သော အခွန်ကောက်ခံမှုသည် ရေနံနှင့် ရေနံထွက်ကုန်များ၏ လက်လီဈေးနှုန်းကို ထိခိုက်မည်မဟုတ်ကြောင်း မစ္စတာ Paopoom က ပြောကြားခဲ့သည်။ ကာဗွန်ဈေးနှုန်းသတ်မှတ်ခြင်းသည် စက်မှုကဏ္ဍ၏ ကုန်ကျစရိတ်ကို ထိခိုက်မည်မဟုတ်သကဲ့သို့ လောင်စာဆီ ၏...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း သဘောတူ

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြခဲ့သည်။ ထိုအစည်းအဝေးမှာပင် မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အာဏာပိုင်များသည် ရာဇဝတ်ဂိုဏ်းများ၏ ခေါင်းဆောင်များကို ဖမ်းဆီးရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖျက်သိမ်းရေးနှင့် ပိတ်မိနေသူများကို ကယ်တင်ရန်အတွက် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်သွားကြရန်လည်း သဘောတူညီခဲ့ကြသည်ဟု စီစီတီဗီက ဆိုခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင်တစ်ဦး၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071