Wednesday, December 4, 2024

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)၏ အကူအညီဖြင့်...

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) အကူအညီအထောက်အပံ့ဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ထိုင်းတောင်ပိုင်း ရေကြီး၍ ‌ေ-သဆုံးသူ ၂၅...

ဘန်ကောက်၊ဒီဇင်ဘာ ၃ ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံ၍ မိသားစုပေါင်း ၆၆၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ‌ေ-ငဆုံးသူအရေအတွက်သည် ၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်းနိုင်ငံ၏သဘာဝဘေးအန္တရာယ်ဌာနကပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကြီးမားခဲ့ကာ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးကမူ ၎င်းကြက်ခြံတစ်ခုလုံးရေမြုပ်သွားသဖြင့် ကြက်အကောင်ရေတစ်ထောင်ကျော်‌ေ-သဆုံးခဲ့သဖြင့်...

ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉)...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်းရရှိထားကြောင်း ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုး ရေးဌာနခွဲမှ သိရသည်။ ပြည်ပသို့...

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ...
HomeNewsLocal Newsဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ...

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို နစက က ပုဒ်မ(၂) ခုဖြင့် အမှုဖွင့်

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို နစက က ပုဒ်မ(၂) ခုဖြင့် အမှုဖွင့်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆန္ဒပြပွဲတစ်ခုတွင် မှတ် တမ်းယူနေစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို ပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မ (၂) ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသား မစ္စတာ တိုရူကူဘိုတာကို အမှုဖွင့်ထားရှိမှုနှင့်ပတ်သက်၍ နစကက ယနေ့ ဩဂုတ်လ (၄) ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ တိုရူကူဘိုတာသည် ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရ က်မှာ တောင်ဒဂုံမြို့နယ်အတွင်းက ဆန္ဒပြပွဲတစ်ခုအား မှတ်တမ်းရယူနေစဉ် ဖမ်းဆီး မှုခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် နစကအနေဖြင့် အဆိုပါ ဂျပန်နိုင်ငံသား မှတ် တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို လဝက ဥပဒေ ပုဒ်မ ၁၃(၁) နှင့် ပုဒ်မ ၅၀၅(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ တိုရူကူဘိုတာက ဆန္ဒပြပွဲမှာ ပါ၀င်သူတွေနှင့် ဇူလိုင် ၂၉ ရက်တွင် ဆက်သွယ်ပြီး ဆန္ဒပြမည့် နေရာတွင် ချိန်းဆိုခဲ့သည်ဟု ထွက်ဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

၎င်းအား ဆွဲဆိုထားသည့် လ၀က ဥပဒေပုဒ်မ ၁၃ (၁)နှင့် ပုဒ်မ ၅၀၅(က) တို့ဖြင့် အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ပါက ထောင်ဒဏ် စုစုပေါင်း (၇) နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေပြီး ပုပ်မ ၅၀၅(က) သည် ထောင်ဒဏ် (၂) နှင့် ‌ ငွေဒဏ်ပါ ပူးတွဲချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ အတွင်းကလည်း ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲများကို သတင်းရယူနေသည့် ဂျပန်သတင်းထောက်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး သတင်းမှား ဖြန့်ဝေမှုဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း ဂျပန်အစိုးရ၏ တောင်းဆိုမှုဖြင့် နစကက အဆိုပါ ဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိတွင်လည်း ဂျပန်ဖက်မှ မစ္စတာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ပုဒ်မ (၂) ခုဖြင့် အမှုဖွင့်လိုက်ကြောင်း ယနေ့ ဩဂုတ်လ (၄) ရက်တွင် နစကမှ တရားဝင် သတင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)၏ အကူအညီဖြင့် ပိုးသတ်ဆေး အကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ထောင်သွားမည်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) အကူအညီအထောက်အပံ့ဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၏ ပြောကြားချက်အရ သိရသည်။ မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ "အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ"ကို ဒီဇင်ဘာ (၃)ရက်က နေပြည်တော် MGallery Hotel ၌ ကျင်းပရာတွင် ၎င်းက...

ထိုင်းတောင်ပိုင်း ရေကြီး၍ ‌ေ-သဆုံးသူ ၂၅ ဦးအထိရှိလာပြီ

ဘန်ကောက်၊ဒီဇင်ဘာ ၃ ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံ၍ မိသားစုပေါင်း ၆၆၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ‌ေ-ငဆုံးသူအရေအတွက်သည် ၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်းနိုင်ငံ၏သဘာဝဘေးအန္တရာယ်ဌာနကပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကြီးမားခဲ့ကာ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးကမူ ၎င်းကြက်ခြံတစ်ခုလုံးရေမြုပ်သွားသဖြင့် ကြက်အကောင်ရေတစ်ထောင်ကျော်‌ေ-သဆုံးခဲ့သဖြင့် ဘတ်ငွေ ၃ သန်း(အ မေရိကန်ဒေါ်လာ ၈၇,၀၀၀) ခန့်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာ PBS သို့ပြောကြားခဲ့သည်။ အခြားဒေသအသီးသီးတွင်လည်း ရေကြီးရေလျှံသဖြင့် လူပေါင်း ၂၂,၀၀၀ ခန့် အိုးအိမ်စွန့်ပစ်ကာ ရေဘေးဒုက္ခသည်များဖြစ်နေကြပြီး ကယ်ဆယ်ရေးသမားများလာဝေသည့် ထမင်းတစ်နပ်သာစားနေကြရသည်ဟုလည်းသိရသည်။ ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မလေးရှား တွင်လည်း ရေကြီးရေလျှံ၍ လူပေါင်း ၉၄,၀၀၀ ကျော်သည် ရေဘေးရှောင်နေရပြီး ယခုအထိ ‌ေ-သဆုံးသူ...

ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်း ရရှိထား

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်းရရှိထားကြောင်း ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုး ရေးဌာနခွဲမှ သိရသည်။ ပြည်ပသို့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပျားရည်တင်ပို့နေပြီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ (၇၃၈.၂၃) တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ (၄၇.၈) တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ‌ရော်ဘာပျားရည်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071