Tuesday, April 22, 2025

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ်...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ်...

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X...

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား...
HomeNewsLocal Newsဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ ၂၃၄...

ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ ၂၃၄ စောင်ရရှိထား

ဂျပန်နိုင်ငံရှိကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၃၅၃ ဦးနှင့် အမျိုးသမီး ၃၈၂ ဦး စုစုပေါင်း ၇၃၅ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၂၃၄ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၃၄ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က ဖေဖော်ဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ (၂၈)ရက် အတွင်းစိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၃၄ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

photo credit – Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ် အနာဂတ်တစ်ခု ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ကို ဥာဏ်ရည်တုနည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် သုတေသီများသည် လူတို့နှင့် ဉာဏ်ရည်အလားတူသော အထွေထွေ ဉာဏ်ရည်တု နည်းပညာ (AGI) ကိုဖွင့်လှစ်နိုင်သည့် စနစ်များကို တည်ဆောက်လျက်ရှိသည်။ ဒေတာများကိုဖြတ်ကျော်သည့် ရိုးရာဉာဏ်ရည်တု AI မိုဒယ်များနှင့်မတူဘဲ၊ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ AI သည် အလွန်မြန်‌ေသာ နှုန်းဖြင့် ကြီးမားသောဒေတာအတွဲများကို...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကိုမူ ပေတုံတန်က ပြောဆိုခဲ့ခြင်း မရှိပေ။ ထိုင်းမှပို့ကုန်ပစ္စည်းများအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မည့် ထရမ့်ပ်အစိုးရ၏ အစီအစဉ်ကို ရုပ်သိမ်းပေးရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး ယခုသီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ဦးဆောင်ညှိနှိုင်းသူဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071