ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံကို လေ့ကျင့်ခြေစမ်းခရီးစဥ်သွားရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစမ်းပွဲ (၃)ပွဲကစားရာ (၂)ပွဲနိုင် (၁)ပွဲသရေကျရလဒ်ရရှိခဲ့ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် အောက်တိုဘာ (၂၁) ရက် ၌ IGK KUNOICH အသင်းဖြင့် ကစားရာ (၁) ဂိုးစီဖြင့် သရေကျပြီး နှင်းပွင့်အေးက ဂိုးသွင်းယူခဲ့ပေးခဲ့ခြင်းဖြစ်သည်။
အလားတူ အောက်တိုဘာ(၂၃) ရက်၌ အိုဆာကာတက္ကသိုလ်အသင်းဖြင့်ကစားရာ အိသက်ဖြိုး (၁)ဂိုးဖြင့်အနိုင်ရခဲ့သလို အောက်တိုဘာ(၂၅) ရက်တွင် KANSAI UNIVERSITY အသင်းဖြင့်ကစားရာ အိသက်ဖြိုး၏ သွင်းဂိုး(၁)ဂိုးဖြင့်ပင် အနိုင်ရရှိခဲ့သည်။
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပွဲများကို ဒီဇင်ဘာ (၄)ရက်ကနေ (၁၁) ရက်အထိ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျနေသည်။
Photo – MFF
