Monday, December 8, 2025

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...
HomeNewsLocal Newsဂျပန်ခရီးစဉ်လက်မှတ်ခများ‌ပြန်အမ်းမည်--တရုတ်လေကြောင်းလိုင်းများ

ဂျပန်ခရီးစဉ်လက်မှတ်ခများ‌ပြန်အမ်းမည်–တရုတ်လေကြောင်းလိုင်းများ

ဂျပန်နိုင်ငံသို့ ခရီးမသွားရန် ပေကျင်းက ၎င်း၏ နိုင်ငံသားများကို သတိပေးပြီးနောက် ဂျပန်သွားမည့်ခရီးစဉ်များအတွက် အပြည့်အဝငွေပြန်အမ်းသွားမည်ဟု တရုတ်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းများက စနေနေ့တွင် ပြောကြားလိုက်ကြပြီး ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေးဆိုင်ရာ မှတ်ချက်များကြောင့် ဖြစ်ပေါ်‌နေသော သံတမန်ရေးအငြင်းပွားမှုကို ပို၍ အရှိန်မြင့်စေခဲ့သည်။

အဲရ်ချိုင်းနား၊ ချိုင်းနားဆော့ခ်သမ်းနှင့် ချိုင်းနား အိစ်တန်လေကြောင်းလိုင်းများက စနေနေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လေယာဉ်လက်မှတ် ဝယ်ယူထားသူများကို ငွေလိုခြင်က ငွေပြန်အမ်းမည် သို့မဟုတ် ဂျပန်ခရီးစဉ်များကို အခမဲ့ ပြောင်းလဲခွင့်ပြုမည့် မူဝါဒအစီအစဉ်များနှင့် ပတ်သက်၍ သီးခြားစီ ထုတ်ပြန်ကြေညာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ထိုင်ဝမ်နှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွားနေသော အငြင်းပွားမှုတွင် ပေကျင်းက တရုတ်နိုင်ငံသားများကို ဂျပန်သို့ မသွားရန် သတိပေးပြီးနောက် ထိုကိစ္စအတွက် သင့်လျော်သော အစီအမံများဆောင်ရွက်ရန် စနေနေ့တွင် ဂျပန်က တရုတ်ကို တိုက်တွန်းခဲ့ကြောင်း ကျိုဒိုသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဂျပန်သည် တရုတ်အစိုးရထံ သတင်းစကားပေးပို့ခဲ့ပြီး ယင်းကိစ္စအတွက် သင့်လျော်သော အရေးယူမှုများ ဆောင်ရွက်ရန် ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာက ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ် တို-က်ခိုက်နိုင်‌ခြေနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆနအဲ တာကာအိချိ၏ တုန့်ပြန်သဘောထားမှတ်ချက်များကြောင့် သံတမန်ရေးအငြင်းပွားမှုများဖြစ်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံသားများကို ဂျပန်သို့ ခရီးမသွားရန် အစောပိုင်းတွင် တရုတ်က သတိပေးခဲ့သည်။

Ref: အာရပ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မြို့နယ်အောင်နိုင်ရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး လူထုတွေ့ဆုံပွဲသို့ ဒေသခံမဲဆန္ဒရှင်ပြည်သူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မော်လမြိုင်မြို့မှ လွှဲ၍ အခြားမြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေးလု ပ်ငန်းစဉ်များကို အကျဉ်းချုံးသာ လုပ်ဆောင်နေချိန်လည်းဖြစ်သည်။ မွန်ပြည်နယ်တွင် တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သည့် ကြံခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏ စီးပွားရေး အတန်အသင့် နာလံထူမှု လက္ခဏာများတွေ့ရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့် လုပ်ငန်းလည်ပတ်မှုစနစ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက် အလားအလာအား အခက်အခဲအတားအဆီးများသဖွယ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးနာလံထူလာသည့် လက္ခဏာများ အတန်အသင့်ရှိလာကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာ (Myanmar Economic Monitor)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071