ဂျပန်နိုင်ငံကို၁၅ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဒီခရီးစဉ်မှာတော့ ရုပ်ရှင်လောကနဲ့ ပတ်သက်တာတွေ အပြင် ဂျပန်နိုင်ငံရဲ့ ထင်ရှားလှတဲ့ ရှေးဘုရားတွေကိုလည်း ဖူးမြော်ခဲ့ရပါ တယ်။ ကာမာကူရာမြို့ရဲ့ တန်ခိုး ကြီးမားလှတဲ့ ကာမာကူရာ ဘုရားကို လည်း ဖူးမြော်ခဲ့ရပြီး ဘုရားဝန်းထဲက ရုပ်ရှင်ပြတိုက်ကိုလည်း လေ့လာခွင့် ရခဲ့ပါတယ်။
” ဘုရားကြီးဆီသွားဖူးမြော်ရတဲ့ အချိန်ကတော့ ဘဝမှာအကျေနပ်ဆုံးပါပဲ။ ကာမာကူရဘုရားကြီးဆိုရင် ဂျပန်မှာ တန်ခိုးကြီးတယ်ဆိုတာ လောက်ပဲ သိကြတာလေ။ ရောက် တော့ထပ်သိခဲ့ရတာက ဂျပန်မှာ ရှေးကာလက မီးအကြီးအကျယ် လောင်တယ်။ ဘုရားကြီးကို လုံးဝ မီးမခခဲ့ဘူး။ ဘုရားကြီးဝန်းကျင် မှာ မီးလောင်တယ်။ အဲဒီမှာတင် ဂျပန် လူမျိုးတွေက ဘုရားကြီး တန်ခိုးကြီး တယ် ဆိုတာ တအား ကိုယုံကြည်သွား ကြပြီး ပိုပြီးတော့ ကြည်ညိုသွားကြ တယ်။ အစ်မတို့ဘုရားကြီးကို မြင်တာဆိုရင် ရေညှိတွေတက်နေတဲ့ အစိမ်းရောင်ကြီးမြင်တယ်။ ရှေးတုန်း ကတော့ ရွှေအပြည့်ချထားတာလို့ ပြောတယ်။ ရာသီဥတုတွေကြောင့် ခေတ်ကာလ တွေပြောင်းလာတဲ့အခါ မှာရွှေတွေ မရှိတော့တာပေါ့။ သူတို့ တွေကလည်း ရှေးအမွေထိန်းတဲ့ အနေနဲ့ ဒီအတိုင်း ပဲထားထား တယ် လို့ပြောတယ်။ ပြီးတော့ဝန်းထဲ မှာ ဘုရားရုပ်ပွားတော်ရောင်းတဲ့ နေရာ တွေရှိတယ်။ ဘုရားရုပ်ပွားတော် ရောင်းတဲ့နေရာမှန်းတောင် မသိ ရဘူး။ တံခါးပိတ်ထားတဲ့ အဆောက် အအုံလေး ရှိတယ်။ အဝေးကနေ လှမ်းကြည့်ရင် ဘုရားတစ်ဆူ၊ နှစ်ဆူလောက်တင် ထားတာ ရှိတယ်။ ပြီးတော့အဆောင်လေးတွေ တင်ထား တာရှိတယ်။ အဲဒီအထဲကို ဝင်ကြည့် တော့ နမူနာ လေးတွေ ပြထားတယ်။ ပြောတော့မှ ဘုရားရုပ်ပွားတော် တွေ ထုတ်ပေးတယ်။ ပြီးတော့ အဆောင် တွေရောင်း တယ်။ အဲဒီမှာရောင်းတဲ့ ဘုရားကကျတော့ ကာမာ ကူရဘုရား ကြီးရဲ့ အလှူငွေဖြစ်တယ်။ အလှူ ငွေလှူချင်လည်း လှူလို့ရတယ်။ ဘုရားဆင်းတုတွေက ကာမာကူရ ဘုရားကြီးကို စောင့်ရှောက်တဲ့ ဘုန်းကြီးတွေကနေပြီးတော့ သက် သတ်လွတ်စား အဓိဋ္ဌာန်ဝင်ပြီးတော့မှ သွန်းထားတာပေါ့။ ဘုရားကြီးရဲ့ အပြင်ဝန်းမှာလည်း ဆိုင်ခန်း တွေရှိတယ်။ အဲဒီမှာလည်းဝယ်လို့ရတယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်က သူလေ့ လာတွေ့ရှိခဲ့ရမှုနဲ့ ဖူးမြော်ခဲ့ ရမှုကို ပြန်လည်ပြောပြပါတယ်။
ဂျပန်နိုင်ငံမှာလည်း ရှေးဘုရား ကြီးတွေ အများအပြားရှိပြီး ဘုရား ကြီးတွေကိုတော့ ဓါတ်ပုံရိုက် လို့မရ ဘဲ သူတို့ဓါတ်ပုံရိုက်ထား ပြီးသား ပုံတွေကိုဝယ်လို့ရကြောင်း၊ ရှေး ဘုရားတွေအပြင် ရှေးဘုန်းကြီး ကျောင်းတွေကိုလည်း အများကြီးမြင် တွေ့ရကြောင်း၊ သူ့အနေနဲ့ ဂျပန် နိုင်ငံမှာ ရွှေကျောင်းဘုရား လည်း သွားဖူးဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် လည်းပရိသတ်တွေ အနေနဲ့ ဂျပန် နိုင်ငံက ရှေးဘုရားတွေကို သွား ရောက်ဖူးမြော်စေချင်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် ကပြော ပါတယ်။
လင်းအက္ခရာ