Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsဂုဏ်ရည်အေးကျော် ပြောပြတဲ့ အရွယ်တင်နုပျိုစေဖို့...

ဂုဏ်ရည်အေးကျော် ပြောပြတဲ့ အရွယ်တင်နုပျိုစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းများ

g

လက်ရှိ မှာ ဂုဏ်ရည်အေးကျော်ကအစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်လျက်ရှိသလို နိုင်ငံကိုယ်စား ပြုအလှမယ်တစ်ဦးလည်း ဖြစ်ပါ တယ်။ ၂ဝ၁၃ ခုနှစ် Miss International Myanmar  ပြိုင်ပွဲ ဝင်စဉ်ထဲက အခုထိခန္ဓာကိုယ် အလေးချိန် ပုံမှန်ပါပဲလို့ ဂုဏ်ရည် အေး ကျော်က ဆိုပါတယ်။ ဂုဏ်ရည် အေးကျော်ရဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ခန္ဓာကိုယ် ထိန်းသိမ်းမှု ပုံစံတွေကို မေးမြန်းတော့ …

“ဂုဏ်ရည်အနေနဲ့ကလည်း ကျန်းမာရေးကောင်းအောင် လက်ရှိ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေ အများ ကြီးပါ။ Miss Myanmar ရတုန်း ကလည်း ဒီခန္ဓာကိုယ်ပဲ။ အခုထိ လည်း ဒီခန္ဓာကိုယ်ပါပဲ။ ပေါင် ၁၁ဝ နဲ့ ၁၂ဝ ကြားပါ။ ဒီလိုပုံမှန် ဝိတ်လေး ဖြစ်နေဖို့ ဂုဏ်ရည်မြင်းစီး တယ်။ Gym လည်း ပုံမှန်ဆော့နေပါ တယ်။ နောက်ထပ်တစ်ခုကတော့ လက်ဝှေ့ထိုးတာပေါ့။ ကျန်တာတွေ ကတော့ ရေကူးတယ်။ ယောဂကစား တယ်ပေါ့။ အိမ်ကလည်း ဆီဒိုးနားရဲ့ အနောက် အင်းယားကန်နဲ့လည်း နီးတော့ မနက်တိုင်းလမ်းလျှောက် တယ်။ ပြေးတယ်။ ဒါတွေက ဂုဏ် ရည်ရဲ့ ကျန်းမာရေးကို ကောင်းမွန် အောင် ထောက်ပံ့ပေးတယ်။ တကူး တက လိုက်စားစရာမျိုး မလိုပါဘူး။ ပုံမှန်လှုပ်ရှားမှုတွေ ၂ရက်၊ ၃ ရက် လောက် မလုပ်ဖြစ်ရင်တောင် ခန္ဓာ ကိုယ်က ဖျားချင်သလိုလို ဖြစ်နေ တယ်။ လေ့ကျင့်ခန်းလုပ်တော့ ဂုဏ် ရည်စိတ်နဲ့ ခန္ဓာကိုယ် အမြဲတမ်း လတ်ဆက်နေစေပါတယ်”လို့ ဂုဏ်ရည်အေးကျော်က ပြောပါတယ်။

ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ နေ့စဉ်စားသောက်နေထိုင် မှုပုံစံတွေကလည်း များစွာအရေးကြီး လှပါတယ်။ အရွယ်တင်နုပျိုစေဖို့ အတွက်က တကူးတက ပြုလုပ်စရာ မလိုဘဲ ပြုလုပ်လို့ရတဲ့ နည်းစနစ် တွေ အကြောင်းကိုလည်း ဂုဏ်ရည် အေးကျော်က ……

“ဂုဏ်ရည်ဆို ဂုဏ်ရည်ရဲ့ အသက်အမှန်ကို ပြောလိုက်ရင် လူတွေက ‘ဟင်’ခနဲဖြစ်သွားတယ်။ နုပျိုလှပစေဖို့၊ ကျန်းမာဖို့ဆိုတာ ဂုဏ်ရည်တို့စားတဲ့ အစားအသောက် တွေပေါ်မှာလည်း မူတည်ပါတယ်။Fast Food တွေဆို ဂုဏ်ရည်တို့ သိပ်ကြိုက်တယ်။ ဥပမာ ကြက်ကြော် တို့၊ ပီဇာတို့တွေ တအားစားကြတယ်။ ဒီလိုစားတဲ့အခါ လေ့ကျင့်ခန်းသည် အဆီတွေကို ချေဖျက်ဖို့အမြန်ဆုံးပါ ပဲ။ လန်းလန်းဆန်းဆန်းဖြစ်ပြီး Oxidation Process တွေကို လျှော့ ချဖို့အတွက် လေ့ကျင့်ခန်းနဲ့အတူ အစားအသောက်တွေကပါ အရေး ကြီးလာပါတယ်။ အရွယ်တင် နုပျိုစေ ဖို့ကလည်း တကူးတကကြီး မလိုပါ ဘူး။ အိမ်နားမှာတင်ပြေးပါ။ ဖိနပ် တစ်ရံရှိတာနဲ့တင်ရပါပြီ။ လမ်း လျှောက်ခြင်းကလည်း အထောက် အကူပြုပါတယ်”လို့ ပြောပြပါတယ်။

ဂုဏ်ရည်အေးကျော်က မြန်မာ ဝတ်စုံကိုဝတ်ဆင်ရတာ သူ့ ခန္ဓာ ကိုယ်နဲ့ အဆင်မပြေတဲ့အတွက် မြန်မာဝတ်စုံကို သိပ်မဝတ်ဖြစ်ဘူး လို့ဆိုပါတယ်။ “ဂုဏ်ရည်အေးကျော် ကတော့မြန်မာဝတ်စုံ ဝတ်ရတာ ဂုဏ်ရည် အနေနဲ့ သိပ်မလိုက်ဘူးလို့ ထင်တယ်။ ပွဲတွေမှာ မြန်မာ ဝတ်စုံဝတ်ဆင်ဖို့ ပြောရင်တော့ ဂုဏ်ရည်ဝတ်ဆင်ပါတယ်။ ဂုဏ် ရည်ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ် ရှိတာ ကြောင့်ပါ။ မြန်မာအင်္ကျီက ဖွံ့ဖွံ့ ထွားထွား ခန္ဓာကိုယ်လေးနဲ့ မှ လိုက်ဖက်တယ်။ ဂုဏ်ရည်က ကိုယ့်ကိုယ်ကိုယ် အကိတ်ထဲ မှာပါ တယ်လို့ မခံယူထားပါဘူး။ ဒါကြောင့် မြန်မာအင်္ကျီကိုသိပ် မဝတ်ဖြစ်တာပါ” လို့ပြောပြပေး ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071