လာမည့် အောက်တိုဘာလတွင် ဂီတအကယ်ဒမီဆုပေးပွဲကျင်းပရန် စီစဉ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
မေလ (၁၅) ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် ဂီတအကယ်ဒမီဆုပေးပွဲ ကျင်းပနိုင်ရန် ဂီတအနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန် မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အကြံပြုတင်ပြ လာသည့် ၂၀၂၄ ခုနှစ် ဇွန် (၂၇) ရက်တွင် မြန်မာနိုင်ငံဂီတနေ့ အခမ်း အနားကို ဂီတသမားများအားလုံး ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရန်နှင့် ခမ်းနားထည်ဝါစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ယင်းနောက် ဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပလိုမှုအပေါ် အချိန်မီဆောင်ရွက်နိုင်ရေး အခြားဂီတပညာရှင်များကို ဖိတ်ခေါ်၍ အကြံဉာဏ်ရ ယူပြီး အသေးစိတ်စီစဉ်ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကိုလည်း ဂီတလောကသားများ၏ဆန္ဒဖြင့် အ ကောင်းဆုံးဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
