Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeMusicဂီတစာဆို ရွှေတိုင်ညွန့်ရဲ့မြေး ဇော်ဝင်းထွဋ်နဲ့...

ဂီတစာဆို ရွှေတိုင်ညွန့်ရဲ့မြေး ဇော်ဝင်းထွဋ်နဲ့ ဂီတစာဆိုနန်းတော် ရှေ့ ဆရာတင်ရဲ့မြေး နန်းခင်မွှေးတို့ သူငယ်ချင်းနှစ်ဦးအကြောင်း

Nang-Khin-Hmwe-1

ဂီတစာဆို ရွှေတိုင်ညွန့်ရဲ့မြေး ဇော်ဝင်းထွဋ်နဲ့ ဂီတစာဆို နန်းတော်ရှေ့ဆရာတင်ရဲ့မြေး နန်းခင် မွှေးတို့က ငယ်စဉ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ သူတို့သူငယ်ချင်း နှစ်ဦးဟာ တစ်ကျောင်းတည်းမှာ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်တဲ့အပြင် နှစ်ဦးစလုံးရဲ့ အဖိုးဖြစ်သူတွေက ဂန္တဝင်ဂီတစာဆိုပညာရှင်ကြီး တွေဖြစ်တဲ့အတွက်လည်း သူတို့ နှစ်ဦးဟာ အနု ပညာနဲ့ ပတ်သက်လို့ ဗီဇပါပြီးသားလို့ပဲဆိုရမှာပါ။

“ကိုညီထွဋ်တို့က မန္တလေးမှာ နေခဲ့တာလေ။အန်တီမွှေးနဲ့ ကျောင်း နေဖက်ပေါ့။ တစ်ကျောင်း တည်း တက်ခဲ့တာ။ မှတ်မှတ်ရရဆိုရင် သုဝဏ္ဏ အားကစားကွင်းကြီး ဖွင့်ပွဲတုန်းက အန်တီမွှေးနဲ့ ကိုညီထွဋ်က သီချင်းဆိုရတယ်။ နဂါးနီသီချင်းကို ကိုညီထွဋ်ကဆိုတယ်။ အန်တီမွှေးက ကျတော့ ဆင်ကြီးဂဠုန်ချီဆိုတယ်။ သူကပင်နီအင်္ကျီလေး နဲ့ဆိုတာ။ ပြီးတော့အန်တီမွှေးတို့ ကျော်ကြားခဲ့တဲ့ အချိန်တုန်းက ကိုညီထွဋ်ရဲ့ သီချင်းတွေကို ဆိုကြတယ်။ ပြည်ရွှေဆံတော်ဘုရားပွဲဆိုရင် အန်တီမွှေးတို့ ဇာတ်လည်းကတယ်။ကိုညီထွဋ် တို့ကလည်း သီချင်းဆိုတယ်။ သူက စတိတ် ရှိုးဆိုပြီးပြီဆိုရင် အန်တီမွှေးတို့ ဇာတ်ရုံကို လာလည်တယ်။ စကားတွေပြောကြပေါ့။ တကယ့်ကို ညီအစ်ကိုမောင်နှစ်မ အရင်းတွေလို ချစ်ခဲ့ကြတာပေါ့။ အသက်ကြီးလာတဲ့ နောက် ပိုင်းကျတော့ မတွေ့ဖြစ်ကြတော့ဘူးပေါ့။ သူလည်းမအား၊ ကိုယ်လည်း မအားနဲ့ဆိုတော့လေ။ အန်တီမွှေးကတော့ ဂုဏ်ယူတယ်။ ဘဘရွှေတိုင် ညွန့်ရဲ့မြေး၊ မမထားရဲ့သား ကိုညီထွဋ် အတွက် ဂုဏ်ယူတယ်။ တစ်ခါတုန်းကတော့ ဘိုးဘိုးကြီးနန်း တော်ရှေ့ ဆရာတင်ရဲ့ ပွဲလုပ်မယ်ဆိုပြီး အန်တီးမွှေး တို့ စီစဉ်ကြသေးတယ်။ ကိုညီထွဋ်ကလည်း သူတို့ ဆိုပေးမယ်၊ ကူညီပေးမယ်လို့ ပြောပါတယ်။မေတ္တာ များစွာနဲ့ လုပ်ပေးမယ်ပေါ့။အန်တီမွှေးတို့ ဘက်က မလုပ်ဖြစ်ခဲ့တာပါ”လို့ သူတို့သူငယ်ချင်း နှစ် ယောက်ရဲ့အကြောင်းကို ဂီတစာဆိုကြီး နန်းတော် ရှေ့ဆရာတင်ရဲ့ မြေးတစ်ဦးဖြစ်တဲ့မင်းသမီးကြီး နန်းခင်မွှေးက ပြောပြပါတယ်။

မင်းသမီးကြီးနန်းခင်မွှေးအနေနဲ့လည်း ဇာတ် သဘင်လောကမှာ လေးစားအားကျ အတုယူရတဲ့ မင်းသမီးကြီးတစ်ဦးဖြစ်သလို ဆိုငိုပြောပိုင်နိုင်တဲ့ မင်းသမီးကြီး တစ်ဦးလို့ သတ်မှတ်ခံထားရသူပါ။ လက်ရှိမှာလည်း သူ့ရဲ့သားဖြစ်တဲ့ ဘွန်းက တင် မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်းသဘင်ဇာတ်မှာ မင်းသားတစ်ဦးအဖြစ် ကပြလျက်ရှိနေပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071