လက်ရှိဘောလုံးလောကရဲ့ GOAT (Greatest Of All Time) ကြီး ၂ ပါးလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ခရစ္စတီယာနို ရော််နယ်ဒိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲမှာ အပြိုင်အဆိုင်သွင်းဂိုးတွေနဲ့၂ ယောက်လုံးဟာလည်း ဂိုး ကိုယ်စီသွင်းယူနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလာ အသင်းတို့ပေါင်းစပ်ထားတဲ့ ဆော်ဒီကြယ်စင်စုအသင်းရီယက်ဒ်အောစတားနဲ့ မက်ဆီပါ၀င်တဲ့ PSG အသင်းတို့ဟာ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့ရှိ King Fahd ကွင်းမှာ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ကစားသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပွဲစဉ်မှာတော့ PSG အသင်းက ရီယက်ဒ်အောစတားအသင်းကို ၅ ဂိုး ၄ ဂိုး ရလဒ် နဲ့ အနိုင်ရခဲ့ပြီး လီယွန်နယ် မက်ဆီက ၁ ဂိုး၊ ခရစ္စတီယာနို ရော်နယ်လ်ဒို က ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်ဆိုပေမယ့် ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး PSG အသင်းဟာ နေမာ၊ မက်ဆီ၊ အမ်ဘာပေ၊ ရာမိုစ့် အစရှိတဲ့ နာမည်ကြီးကစားသမားတွေကို အသုံးပြုခဲ့ပေမယ့် ရီယက်ဒ်အောစတားအသင်းဟာ သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။




