အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြှောင်ရှိ အခြေအနေကို ဖြေရှင်းမည့် သူ့အစီအစဉ်၏ ပထမအဆင့်ကို လာမည့်ရက်သတ္တပတ်အတွင်း ပြီးစီးနိုင်ကြောင်း သူ၏ Truth Social လူမှုကွန်ရက်တွင် ပို့စ်တင်ကာ ပြောကြားခဲ့သည်။
“ဒီစနေ၊ တနင်္ဂနွေမှာ ဟားမတ်စ်တွေနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေ (အာရပ်၊ မွတ်စလင်၊ အခြားနိုင်ငံအားလုံး)က ဓားစာခံတွေကို လွှတ်ပေးဖို့၊ ဂါဇာစစ်ပွဲကို အဆုံးသ-တ်ဖို့၊ ဒါပေမယ့် ပိုအရေးကြီးတာကတော့ အရှေ့အလယ်ပိုင်းမှာ ကြာရှည်စွာလိုလားခဲ့တဲ့ ငြိမ်းချမ်းရေးကို နောက်ဆုံးမှာ ရရှိဖို့အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေဟာ အောင်မြင်မှုရခဲ့ပြီး လျင်မြန်စွာ ရှေ့ဆက်နေပါတယ်” ဟု သူက ပြောကြားခဲ့သည်။
“နည်းပညာအဖွဲ့တွေဟာ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို လုပ်ဆောင်ဖို့နဲ့ ရှင်းလင်းဖို့အတွက် အီဂျစ်မှာ တနင်္လာနေ့မှာ ထပ်မံတွေ့ဆုံကြမှာပါ။ ပထမအဆင့်ကို ဒီတစ်ပတ်အတွင်း ပြီးစီးသင့်တယ်လို့ ကျွန်တော် သတင်းရထားပြီး လူတိုင်းကို လျင်မြန်စွာ ဆောင်ရွက်ကြဖို့ တောင်းဆိုပါတယ်” ဟု ထရမ့်က ရေးသားခဲ့ပြီး၊ နှောင့်နှေးမှုတစ်စုံတစ်ရာသည် “ဘယ်သူမှ မမြင်ချင်တဲ့ ကြီးမားတဲ့ သွေးထွက်သံယိုမှု” ကို ခြိမ်းခြေ-ာက်နေကြောင်း မှတ်ချက်ပြုခဲ့သည်။
ထရမ့်၏ ဂါဇာကမ်းမြှောင် ပဋိပက္ခဖြေရှင်းရန် ရည်ရွယ်သည့် “ပြည့်စုံသော အစီအစဉ်” ကို စက်တင်ဘာလ ၂၉ ရက်နေ့က အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအစဉ်တွင် အချက် ၂၀ ပါဝင်ပြီး အထူးသဖြင့် ပါလက်စတိုင်းဒေသအတွင်း ယာယီပြင်ပအုပ်ချုပ်ရေး ထူထောင်ရန်နှင့် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့များ ချထားရန်အတွက် ပါဝင်သည်။ အစ္စရေးနိုင်ငံကလည်း အဆိုပါအစီအစဉ်ကို သဘောတူကြောင်း ကြေညာထားသည်။
အစ္စရေးနှင့် ပါလက်စတိုင်းလှုပ်ရှားမှု ဟားမတ်စ်အကြား သွယ်ဝိုက်သော ဆွေးနွေးပွဲများ၏ အဆင့်သစ်ကို အီဂျစ်နိုင်ငံတွင် အောက်တိုဘာလ ၆ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်သည်။
