Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeInternationalဂါဇာတွင် အစိုးရအုပ်ချုပ်မှုစနစ်သစ်မကြာခင်ပေါ်ထွက်လာမည်--ရူဘီယို

ဂါဇာတွင် အစိုးရအုပ်ချုပ်မှုစနစ်သစ်မကြာခင်ပေါ်ထွက်လာမည်–ရူဘီယို

ဂါဇာဒေသတွင် အစိုးရ၏အုပ်ချုပ်ပုံ စနစ်အသစ်(နိုင်ငံတကာဘုတ်အဖွဲ့နှင့် ပါလက်စတိုင်းပညာရှင်များပါဝင်အုပ်ချုပ်‌သောအဖွဲ့) တစ်ခု မကြာခင်ပေါ်ထွက်လာမည်ဖြစ်ပြီး ပြည်ပတပ်ဖွဲ့များ ကြိလည်း ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အောက်တိုဘာလတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက်ပိုင်း ဟားမတ်စ်ပစ်မှတ်များကို အစ္စရေးက ဆက်လက်တိုက်ခိုက်နေသကဲ့သို့ စစ်သွေးကြွအဖွဲ့ကလည်း ၎င်းတို့၏ ထိန်းချုပ်မှုကို ပြန်လည်ရယူထားသည့် ဂါဇာတွင် လက်ရှိအနေအထားသည် တည်တံ့ခိုင်မြဲမည်မဟုတ်ကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ရူဘီယိုက ပြောကြားခဲ့သည်။

သို့ဖြစ်၍ ပထမအဆင့်ကို အပြည့်အဝပြီးမြောက်အောင် ဆောင်ရွက်ရန် အရေးတကြီးလိုအပ်ကြောင်း၊ ယင်းအဆင့်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို တည်ထောင်ခြင်းနှင့် ပါလက်စတိုင်းပညာရှင်များအဖွဲ့ တည်ထောင်ခြင်းဖြစ်ကြောင်းနှင့် ထို့နောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့က ထပ်ကြပ်မကွာပါလာမည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်သည် ဂါဇာအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့(အိုင်အက်စ်အက်ဖ်) ကို စီစဉ်ရန် ယခုသီတင်းပတ်တွင် ဒိုဟာ၌ မိတ်ဖက်နိုင်ငံများနှင့်အတူ ကွန်ဖရင့်တစ်ရပ်လက်ခံကျင်းပခဲ့ပြီးနောက် ရူဘီယိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အဆိုပါ တပ်ဖွဲ့ကို ခွင့်ပြုချက်ပေးရန် နိုဝင်ဘာလတွင် မဲပေးခဲ့ပြီးနောက် အစောဆုံးအားဖြင့် နောက်လ ခန့်တွင် နိုင်ငံတကာတပ်များကို ဂါဇာကမ်းမြောင်တွင် တပ်ဖြန့် ကြက်ချထား နိုင်ဖွယ်ရှိသည်ဟု အမေရိကန်အရာရှိနှစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်တွင် ရိုက်တာကို ပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကို မည်သို့မည်ပုံလက်နက်ဖြုတ်သိမ်းမည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ အိုင်အက်စ်အက်ဖ်သို့ တပ်ဖွဲ့ဝင်များ ကို စေလွှတ်ပေးရန် စဉ်းစားနေသည့် နိုင်ငံများအနေဖြင့် ဟားမတ်စ်တို့က ၎င်းတို့စစ်သားများကို တိုက်ပွဲအတွင်း ဆွဲသွင်းလာစေမည့်အခြေအနေမျိုးကို စိုးရိမ်မှုရှိနေသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071