Tuesday, March 18, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeInternationalဂရိတွင်လှေနစ်မြုပ်ပြီး လူ ၅၀...

ဂရိတွင်လှေနစ်မြုပ်ပြီး လူ ၅၀ ခန့်ပျောက်ဆုံးနေ

ဂရိတွင်လှေနစ်မြုပ်ပြီး လူ ၅၀ ခန့်ပျောက်ဆုံးနေ

အာဂျီးယန်းပင်လယ်ထဲတွင် ရွှေ့ပြောင်းလုပ်သားများကိုတင်‌ေဆာင်လာ‌ေသာလှေတစ်စင်း နစ်မြုပ်သွားပြီးနောက် လူ ၅၀ ခန့် ပျောက်ဆုံးသွားကာ လေကြောင်းနှင့် ပင်လယ်ပြင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဂရိကမ်းခြေစောင့်တပ်ကပြောကြားခဲ့သည်။

အဆိုပါသင်္ဘောသည် တူရကီတောင်ပိုင်း အင်တဲလ်လီယာမှ အင်္ဂါနေ့ကစတင်ထွက်ခွာခဲ့ပြီး အီတလီနိုင်ငံသို့ ဦးတည်သွား‌နေရာမှ ကားလ်ပါရှော့ နှင့် ရို့ဇ်ကျွန်းများအနီး၌ အရုဏ်တက်ချိန်တွင် နစ်မြုပ်ခဲ့သည်ဟုဆိုသည်။

“ယခုအချိန်ထိ ကယ်ဆယ်နိုင်သူ ၂၉ ဦး၏ ပြောကြားချက်များအရ လှေပေါ်တွင် လူ ၈၀ ခန့်ရှိပြီး ၅၀ ခန့် ပျောက်ဆုံးနေကြောင်း” ကမ်းခြေစောင့်သတင်းထောက်ရုံးမှ တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။သို့သော် နိုင်ငံပိုင် ရုပ်မြင်သံကြားချန်နယ် ERT ကလှေပေါ်တွင် လိုက်ပါလာသူဦးရေမှာ ၃၀ မှ ၆၀ အကြားသာရှိသည်ဟု ဆိုသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Nikos Kokalas ကမူ ” လှေရဲ့အနေအထားအရ လှေပေါ်မှာရွှေ့ပြောင်းနေထိုင်သူ ၈၀ ပါတယ်ဆိုတာမဖြစ်နိုင်ပါဘူး၊ ဒီထက်အရေအတွက်နည်းမယ်လို့ ထင်ပါတယ်”ဟုဆိုခဲ့သည်။

အာဂျီးယန်း ပင်လယ်တောင်ပိုင်း၌ စတင်လုပ်ဆောင်နေပြီဖြစ်သော ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ရေယာဉ်လေးစင်း၊ ကမ်းရိုးတန်းစောင့် ကင်းလှည့်သင်္ဘောနှစ်စင်းနှင့် ဂရိလေတပ်ရဟတ်ယာဉ်တစ်စင်းတို့ပါဝင်သည်ဟုသိရှိရသည်။

တစ်နာရီလျှင် ကီလိုမီတာ ၅၀ (တစ်နာရီ မိုင် ၃၀) နှုန်းဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို အဟန့်အတားဖြစ်စေခဲ့ကြောင်း Kokalas က Skai ရေဒီယိုသို့ပြောကြားခဲ့ပြီး “သင်္ဘောပျက်တဲ့ထဲက သူအများစုဟာ အသက်ကယ်အင်္ကျီတွေ မဝတ်ထားပါဘူး” ဟုလည်း၎င်းကပြောသည်။

ယခုလှေသည် အီတလီသို့သွားရန်ဖြစ်သည်ဟုဆိုသော်ငြား ဂရိသည်လည်းရွှေ့ပြောင်းလုပ်သားတို့အတွက် ခိုလှုံစရာကောင်းသည့်နိုင်ငံတစ်ခုဖြစ်သည်။ကျဉ်းမြောင်းပြီး အန္တရာယ်များသောပင်လယ်ကိုဖြတ်ကျော်ကာ တူရကီမှတစ်ဆင့် ဂရိနိုင်ငံသို့ထောင်နှင့်ချီသောလူများလာရောက်ခိုလှုံတတ်ကြသည်။

ယင်းသို့လာရောက်ရာ၌ ဇန်န၀ါရီလမှစ၍ မြေထဲပင်လယ်အရှေ့ပိုင်းတွင် လူပေါင်း ခြောက်ဆယ့်လေးဦး သေဆုံးခဲ့‌ကြောင်းနိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်းကပြောခဲ့သည်။ရွှေ့ပြောင်းဝင်ရောက်သူအရေအတွက်သည် ယခုနှစ်အတွင်း မြင့်တက်လာပြီး မှောင်ခိုသမားများ နယ်စပ်ကိုဖြတ်၍ မကြာခဏဆိုသလို အန္တရာယ်များသော ခရီးတိုလှေများဖြင့် ပို့ဆောင်ခြင်းအား မတားဆီးခဲ့ဟုတူရကီအား ဂရိကစွပ်စွဲခဲ့သည်။

ဇွန်လကုန်က ဥရောပသမဂ္ဂသည် ၎င်း၏ပိုင်နက်နယ်မြေမှ “အင်အားသုံး၍ တရားမဝင်နှင်ထုတ်ခြင်း” ကို ရပ်တန့်ရန် အန်ကာရာကိုတိုက်တွန်းခဲ့သည်။ပရဟိတအဖွဲ့များနှင့် မီဒီယာများကမူ အေသင်မြို့သည် ရွှေ့ပြောင်းနေထိုင်သူများကို တရားမ၀င် ပြန်လည်လွှဲပြောင်းပေးသည်ဟု စွပ်စွဲခဲ့သော်လည်း ဂရိအစိုးရကငြင်းဆိုထားသည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071