Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeArticlesဂရမ်မီတစ်သက် အကယ်ဒမီရက်

ဂရမ်မီတစ်သက် အကယ်ဒမီရက်

luမှန်ကန်သင့်မြတ်သော လက်များထဲတွင် ကလောင်နှင့် ပန်းချီစုတ်တံတိုင်းက မှော်ကြိမ်လုံး ဖြစ်သည်။
အမည်မသိစာဆို

မှန်ပါတယ်။ ပိုင်ဆိုင်သင့်တဲ့ လက်တွေထဲမှာလည်း အကယ်ဒမီ ထူးချွန်ဆုအရုပ်ရှိနေရမှာပါ။ အကယ်ဒမီက ဂုဏ်သိက္ခာပါ။ ဘယ်နှစ်သိန်းတန်လို့ မဆုံးဖြတ်ပါနဲ့။ ရွှေနှစ်ကျပ်သားမှ ခုပေါက်ဈေးနဲ့ဆို ၁၇သိန်းမကျော်ဘူး။ ဂုဏ်ပြုဆုငွေ တွေနဲ့ဆို သိန်း၃ဝ မကျော်ဘူး။ အဲဒီမှာ ထူးချွန်ဆုအပြင် ငွေသားချည်းပဲ သိန်း ၃ဝဝများ ချီးမြှင့်ခဲ့ရင် တန်ဖိုးတစ်ခုလို့ ပြောနိုင်မှာပါ။ မှော်ကြိမ်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော်ကတော့ အကယ်ဒမီ ဂုဏ်အဆင့်အတန်းကို ဒီထက်မြှင့်တင်ချင်တယ်။ Digital ခေတ်ကြီး မှာ ရုပ်ရှင်ရုံတွေ အဆင့်မြင့်လာသလို၊ ရုပ်ရှင် ဇာတ်ကားများကိုလည်း အရည် အသွေးမြင့်စေချင်တယ်။ အဲဒီလိုပဲ အကယ်ဒမီကိုလည်း တန်ဖိုးမြင့် စေချင်တယ်။ ပွဲခင်းထဲက လက်ခုပ် သြဘာ၊ တီးပြီးရင်ရပ်သွား တယ်။ ပရိသတ်ရဲ့ အားပေးသံက တစ်ဘဝ စာအတွက် ရှိနေမှာပါ။

အရှေ့ကနေ အနောက်ကို ယွန်းသတဲ့။ အနုပညာသည်လည်း မိုးကိုမြင်၊ လေကိုနှင်နေပေမယ့်၊ ခင်တွယ်စရာမရှိတော့တဲ့အခါ အကြင်ဘယ်မှာလဲလို့ မေးယူရမှာပါ။ တွေးပူစရာမရှိတဲ့နေ့၊ အနောက် နေဝင်သတဲ့လေ။ ခါးသီးမှုတွေက ကမ္ဘာကြီးကို သယ်ဆောင်သွားနေ တာပေါ့။ တချို့က ဒီပွဲကို အထင်မကြီးဘူး။ မတက်ဘူးလို့ဆိုတယ်။ ဒါက သူ့ပုဂ္ဂလိက ခံစားမှုပါ။ ဒါပေမဲ့ ၂ဝ၁၆ ခုနှစ် အကယ်ဒမီကိုတော့ ပရိသတ်က စိတ်ဝင်စားတယ်။ အားပေးနေတယ်။ ဒါကြောင့် people choice ပေးစေချင်တာပါ။ ပရိသတ်က ရှင်းတယ်။ ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး။ ပွင့်လင်း တယ်။ ဟုတ်ပြီဗျာ၊ ကျွန်တော် ကြိုတင်ခန့်မှန်းမယ့် ဇာတ်ကား စာရင်းပြောပါ့မယ်။ ဒါက ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင်နော်။

nayt

အောင်တိုင်းကျော် ရုပ်ရှင် ထုတ်လုပ်ရေးက ဒါရိုက်တာ လူမင်းရိုက်ကူးတဲ့ (ANUBIS) “အနူးဘစ်” ဇာတ်ကားပါ။ မင်းခိုက်စိုးစန်ရဲ့ဝတ္ထုကို၊ မင်းခိုက်စိုးစန်နဲ့ ထက် မြတ်နိုင်ဇင်တို့ ဇာတ်ညွှန်းရေးထားတယ်။ ဇာတ်ကား ပေအရှည်အမှာ ၁ဝ၆၈၁ ပေ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်သူများက လူမင်း၊ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရွှေမှုန်ရတီ၊ ရာဇာနေဝင်း၊ နေဆန်း၊ ရဲမွန်၊ ဟိန်းမင်း၊ နန်းခင်ဇေယျာ၊ မေပန်းချီ နှင့် ဒေါ်မြင့်မြင့်ခင်တို့ ဖြစ်ပြီး ကလေးသရုပ်ဆောင်မှာ ခန့်ကျော် ဖြစ်တယ်။ လှုပ်ရှားမှု ဓာတ်ပုံက ဇော်မြင့်၊ အသံကြည်မင်း သိန်း၊ တည်းဖြတ် အောင်မျိုးဦး၊ တေးဂီတ မြင့်မိုးအောင်တို့ ဖြစ်ကြတယ်။ ဇာတ်လမ်းရဲ့ခံစားပုံမှာ လောကရဲ့ ကံကြမ္မာဆန်းကြယ်ပုံ၊ အလှည့်အပြောင်းနဲ့ နက်ရှိုင်းတဲ့ အချစ် ဇာတ်လမ်းဇာတ်အိမ် ဆန်းကျယ်မှုတို့ဖြင့် ဖန်တီးတင်ဆက်ထားသော ဇာတ်ကားဖြစ်ပါတယ်။ နိုင်ငံခြား ဇာတ်လမ်းရသမျိုး ပေးထားတယ်။ “အနူးဘစ်” ဇာတ်ကားကို အကယ်ဒမီကြိုတင်ခန့်မှန်းရရင်တော့
၁။ ဒါရိုက်တာ – လူမင်း
၂။ ဓာတ်ပုံ – ဇော်မြင့်
၃။ အသံ – ကြည်မင်းသိန်း
၎။ တည်းဖြတ် – အောင်မျိုးဦး

ကျွန်တော် “အနူးဘစ်” ဇာတ်ကားအတွက် ဖော်ပြပါ ဆု၎ ဆု ကြိုတင်ခန့်မှန်းပါတယ်။ ဟုတ်လား၊ မဟုတ်လား၊ မတ်လ ၁၈ရက်နေ့မှာ အဖြေရှာကြပါစို့။ ရင်ခုန်ကြပါစို့။ ပရိသတ်ခန့်မှန်းချက်၊ ရွေးချယ်မှုနဲ့ ထပ်တူကျပါစေ။

အချိန်မီ ထူးခြားမှုတစ်ရပ်ကိုလည်း ပြောချင်သေးတယ်။ ကမ္ဘာမှာ စိတ်အဝင်စားဆုံးဖြစ်တဲ့ ဂရမ်မီဆုပေးပွဲကျင်းပခဲ့ပါပြီ။ အရမ်းကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာ အကြီး ကျယ်ဆုံးပွဲပါ။ အဲဒီပွဲမှာ Album အကောင်းဆုံးဆုကို Adele ရရှိသွားပါတယ်။ အဒဲလ်အရမ်း ပျော်သွားတယ်။ ဂရမ်မီဆု လက်ခံရယူပြီးတာနဲ့ ဆုကို ထက်ပိုင်း ချိုးပစ် လိုက်တယ်။ ပျော်နေတဲ့ကြားက မျက်ရည်လည်ပြီး ခံစားချက်အပြည့် နဲ့ ပြောပါတယ်။ ” ဒီဆုဟာ ကျွန်မနဲ့ မထိုက်တန်ပါဘူး။ တကယ်တော့ ဘီယွန်ဆေးက ကျွန်မဘဝပါ။ ကျွန်မတို့အားလုံးရဲ့ အလင်းရောင်ပါ။ ကျွန်မတို့ အနုပညာရှင်တွေ အားလုံး ရှင့်ကိုနှစ်ခြိုက်ကြ၊ ချစ်ကြတယ်။ Lemonade အယ်လ်ဘမ်ဟာ ကျွန်မအတွက် အရမ်းကို ကြီးကျယ် ခမ်းနားပါတယ်။ ကျွန်မရှင့်ကို ချစ်တယ်။ အမြဲတမ်းလည်း ချစ်ပါတယ်။ နောက်လည်း ချစ်နေမှာပါ” လို့ အဒဲလ်က ငိုရင်းပြောခဲ့ပါတယ်။ ဘီယွန်ဆေးကလည်း အဒဲလ်ကို ကြည့်ရင်း ကျေးဇူးတင်ပါတယ်လို့ အကြိမ်ကြိမ်ပြောရင်း ဝမ်းသာဝမ်းနည်း မျက်ရည်တွေ ကျနေပါတယ်။ ပရိသတ်ကြီးလည်း မျက်ရည်ကျ၊ ဂုဏ်ယူ ရင်းလက် ခုပ်သြဘာ ဝေဆာခဲ့ပါတယ်။

ဒါက ဖေဖော်ဝါရီလ ၁၂ရက် နေ့ညကလော့ အန်ဂျလိစ် Staple Center မှာ ကျင်းပခဲ့တဲ့ ၅၉ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အဒဲလ်ဟာ ဂရမ်မီဆု၅ဆုရရှိခဲ့တယ်။ အဲဒီထဲက အကောင်းဆုံး ALBUM OF THE YEAR ဆုကိုရရှိရင်း စင်ပေါ်အရောက်မှာ ဆုကို ရိုက်ချိုးပြီး မိမိနဲ့ မထိုက်တန်ကြောင်း ဘီယွန်ဆေးရသင့်ကြောင်း ပြောသွားတာပါ။ ဒီဆုဟာ ဘီယွန်ဆေးအတွက်ဟု ပြောသွားပါတယ်။ မကြားဖူးတာတွေ ကြားရမြင်ရပြီနော်။ ဆုဆိုတာဘာလဲ၊ အနု ပညာရှင်ဆိုတာဘာလဲ။ ဂုဏ်သိက္ခာ ဆိုတာအဲတာပဲ။ အို၊ အနုပညာရှင်တို့… လူလူချင်းတန်ဖိုး ထားကြလော့။ စစ်မှန်သော အနုပညာသည် ထွတ်မြတ် ကောင်းမွန် ပြည့်စုံသော နှလုံးသား တစ်ခုဖြစ်သည်။ နောက်တစ်ပတ်မှာ ခန့်မှန်း မယ့် ဆန်ကာတင်၁ဝကားထဲက ဘယ်ဇာတ်ကားဖြစ်မလဲ၊ ဘယ်အနု ပညာရှင်တွေဖြစ်မလဲ ပရိသတ်ကြီး နဲ့အတူ ရင်ခုန်ကြတာပေါ့။

ဒါရိုက်တာ မောင်ဗေဒါ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071