Monday, January 20, 2025

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး...

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...
HomeInternationalဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့် ပေါင်းစည်းရေးမှာမူ ဖြစ်နိုင်ခြေမရှိဟု ဒိန်းမတ်ကပြော

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒိန်းမတ်၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဓါတ်သတ္ထု့ကြွယ်ဝကာ မဟာဗျူဟာအရ အရေးပါသောကျွန်း၏ ကံကြမ္မာနှင့်ပတ်သက်၍ ထရမ့်ပ်၏ မှတ်ချက်စကားကြောင့် ကမ္ဘာ့ထိပ်တန်းခေါင်းကြီးသတင်းဖြစ်ခဲ့ပြီးနောက်တစ်ရက်တွင် ဂရင်းလန်းဒေသခေါင်းဆောင်သည် ဗုဒ္ဓဟူးနေ့က ကိုပင်ဟေဂင်တွင် ဒိန်းမတ်ဘုရင်နှင့် တွေ့ဆုံခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက် နေ့ တွင် ရာထူးတာဝန်စတင်ထမ်းဆောင်မည့် ထရမ့်ပ်က ဂရင်းလန်းကို အမေရိက၏ အစိတ်အပိုင်းအဖြစ်ရယူရန် စစ်ရေး၊ စီးပွားရေးအင်အားသုံးမည့် နည်းလမ်းကို သူ သုံးခြင် သုံးမည်ဟု အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။ ယင်းနေ့တွင်ပင် ထရမ့်ပ်၏သားကြီး ဒေါ်နယ်ထရမ့်ပ်ဂျူနီယာသည် ဂရင်းလန်းသို့ အလွတ်သဘော သွားခဲ့သည်။

ဒိန်းမတ်၏ အဖွဲ့ဝင်အဖြစ်မှတဆင့် နေတိုး၏အစိတ်အပိုင်းဖြစ်နေသော ဂရင်းလန်းသည် အာတိတ်ကျွန်းမှတဆင့် ဥရောပမှ မြောက်အမေရိကသို့ ဖြတ်သန်းသော အတိုဆုံးလမ်းကြောင်းဖြစ်လာပြီးကတည်းက အမေရိကန်စစ်တပ်အတွက်နှင့် ၎င်း၏ ပဲ့ထိန်းဒုံးကျည် ကြိုတင်သတိပေးစနစ်ထားရှိရန်အတွက် မဟာဗျူဟာမြောက်အရေးသည့်နေရာဖြစ်လာခဲ့သည်။

ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည့် ဂရင်းလန်းသည် ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် နှစ်ပေါင်း ၆၀၀ တိုင်တည်ရှိလာခဲ့သော်လည်း လူဦးရေ ၅၇၀၀၀ ခန့်ရှိ သော အဆိုပါ ဒေသသည် ပြည်တွင်းရေးကိစ္စများကို ၎င်းတို့ကိုယ်တိုင် စီမံအုပ်ချုပ်နေပြီဖြစ်သည်။ ဝန်ကြီးချုပ် Mute Egede ဦးဆောင်သော ကျွန်းဒေသအစိုးရသည် လွတ်လပ်ရေးရရှိရန် အန္တိမရည်မှန်းချက် ကို ထားရှိသည်။

ဂရင်းလန်းသည် ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်ကို မိမိတို့ အပြည့်အ၀ အသိအမှတ်ပြုကြောင်း ယင်းအရာများ အကောင်အထည်ပေါ်လာပါက ဂရင်းလန်းသည် လွတ်လပ်သောနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် ဖက်ဒရယ်ပြည်နယ်တစ်ခုဖြစ်လာရန် ရည်မှန်းချက်မှာမူ ခဲယဉ်းမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ဥရောပသည် ၎င်း၏ အချုပ်အခြာပိုင်နယ်နိမိတ်များကို အခြားနိုင်ငံများက တိုက်ခိုက်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ပြောဆိုထားသည်။

Ref: ဂျပန်တိုင်းမ်၊ ဗီအိုဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး ၃ ဦး၏အမည်ကို ထုတ်ပြန်ကြေငြာပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးကို စတင်ပြီ ဖြစ်ကြောင်း တရာကြေငြာခဲ့သည်။ ကာတာ၊အီဂျစ်နှင့်အမေရိကတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အသက်ဝင်အကောင်အထည်ဖော်နိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စတင်အကျိုးသက်ရောက်သည်။ သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဟားမတ်စ်ဘက်မှ တိကျသေချာသည့် ဓ-ါးစာခံစာရင်း ကို မထုတ်ပြန်မချင်း တိုက်ပွဲများဆက်လက်ဖော်ဆောင်တိုက်ခိုက်သွားရန်လည်း ညွှန်ကြားထားသည်ဟုသိရသည်။ ဟားမတ်စ်၏ထုတ်ပြန်ကြေငြာချက်အရ ၎င်းတို့အနေဖြင့်...

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း (၂)ဂိုး(၁) ဂိုးဖြင့် တရုတ်(တိုင်ပေ) အသင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ဗီယက်နမ်အသင်းက ချေပဂိုး(၁)ဂိုးသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)အသင်းသည် အုပ်စုအဖွင့်ပွဲစဥ်၌ မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071