Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalဂရင်းလန်းကျွန်းကို သိမ်းပိုက်ရယူရန် နည်းလမ်းမျိုးစုံကို...

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရယူရန် နည်းလမ်းမျိုးစုံကို ထရမ့်က ဆွေးနွေးနေပြီး စစ်အင်အားသုံးမည့် ရွေးချယ်ခွင့်ကိုလည်း ချန်မထားကြောင်း အိမ်ဖြူတော်ဆို

ဂရင်းလန်းကျွန်းကို ရယူရန်အတွက် သမ္မတ ဒေါ်နယ်ထရမ့်သည် “ရွေးချယ်စရာ နည်းလမ်းမျိုးစုံကို ဆွေးနွေးနေသည်” ဟု အိမ်ဖြူတော်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်စစ်တပ်ကို အသုံးပြုရန် ဖြစ်နိုင်ခြေကိုလည်း ချန်လှပ်ထားခြင်းမရှိကြောင်း ရှင်းလင်းစွာ ပြောဆိုခဲ့သည်။

“ဂရင်းလန်းကျွန်းကို ရယူရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးအတွက် ဦးစားပေးကိစ္စရပ်တစ်ခုဖြစ်သလို၊ အာတိတ်ဒေသက ရန်သူတွေကို ဟန့်တားဖို့အတွက် အရေးကြီးတယ်ဆိုတာကို သမ္မတထရန့်က လူသိရှင်ကြား ထုတ်ဖော်ထားပြီးသားဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လဲဗစ်က CNN သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သမ္မတနဲ့ သူ့ရဲ့အဖွဲ့ဟာ ဒီအရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းမျိုးစုံကို ဆွေးနွေးနေကြပါတယ်။ အမေရိကန်စစ်တပ်ကို အသုံးပြုဖို့ဆိုတာကလည်း စစ်သေနာပတိချုပ်ရဲ့ လက်ဝယ်မှာ အမြဲရှိနေတဲ့ ရွေးချယ်ခွင့်တစ်ခု ဖြစ်ပါတယ်” ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ထရမ့်အစိုးရအနေဖြင့် ဂရင်းလန်ကို ဝယ်ယူရန် စဉ်းစားနေကြောင်း ယခုသီတင်းပတ်အတွင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့ပြီး၊ ကာလတိုအတွင်း စစ်ရေးအရ ကြားဝင်မည့်ကိစ္စအပေါ် စိုးရိမ်မှုများကို လျှော့၍ပြောဆိုခဲ့ကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ပြီး သယံဇာတ ကြွယ်ဝသော အဆိုပါကျွန်းနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏ ရည်မှန်းချက်များကို မကြာသေးမီလများအတွင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တာဝန်ရှိသူများသည် နောက်ကွယ်တွင် ဆက်လက်ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်။

ရူဘီယိုအဖွဲ့၏ တောင်းဆိုချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂရင်းလန်ရှိ မြေရှားသတ္တုများ အပါအဝင် အသုံးမပြုရသေးသည့် သယံဇာတများအကြောင်းကို လေ့လာဆန်းစစ်ချက်တစ်ခု ပြုလုပ်ပေးခဲ့သည်။ သို့သော် အဆိုပါ သယံဇာတများ မည်မျှအထိ များပြားသည်ဆိုခြင်းကို ခိုင်လုံသော လေ့လာမှု မရှိသေးကြောင်းနှင့် အလွန်အေးမြသော ရာသီဥတုနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် ထိုသယံဇာတများကို ထုတ်ယူရန်အတွက် ကုန်ကျစရိတ် အလွန်ကြီးမားနိုင်ကြောင်း ဖော်ပြထားသည်။

ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးပြီးနောက်ပိုင်းတွင် ထရန့်သည် ဒိန်းမတ်ပိုင်နက်ကို ပြန်လည်ရယူလိုသည့်ကိစ္စ အပါအဝင် နယ်မြေချဲ့ထွင်ရေးဆန်သော နိုင်ငံခြားရေးမူဝါဒကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ “အမျိုးသားလုံခြုံရေး ရှုထောင့်အရ ကျွန်တော်တို့ ဂရင်းလန်းကို လိုအပ်ပါတယ်။ ဒိန်းမတ်ကတော့ ဒါကို ဆက်လုပ်နိုင်မှာမဟုတ်ဘူး” ဟု ထရန့်က တနင်္ဂနွေနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အိမ်ဖြူတော် အဆင့်မြင့်အရာရှိ စတီဖင် မီလာကလည်း “ဂရင်းလန်းရဲ့ အနာဂတ်” အတွက် အမေရိကန်ကို ဘယ်သူမှ စစ်ရေးအရ တိုက်ခိုက်မှာမဟုတ်ကြောင်းနှင့် NATO အဖွဲ့ဝင်ဖြစ်သည့် ဒိန်းမတ်နိုင်ငံအနေဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ခွင့်ရှိမရှိအပေါ် မေးခွန်းထုတ်ကာ ထရမ့်၏ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခဲ့သည်။

ထရမ့်အစိုးရ၏ အဆိုပါ ရည်မှန်းချက်ကြောင့် မိမိတို့အနေဖြင့် ဒိန်းမတ်နိုင်ငံဘက်မှ ရပ်တည်ကြောင်း ဥရောပခေါင်းဆောင်များကပြောကြားခဲ့ကြပြီး ဂရင်းလန်းကျွန်းသည် ထိုဒေသရှိ ပြည်သူများသာ ပိုင်ဆိုင်ကြောင်း အင်္ဂါနေ့တွင် တုံ့ပြန်‌ကြေညာခဲ့ကြသည်။ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ ခေါင်းဆောင်များက အာတိတ်ဒေသ လုံခြုံရေးကို အမေရိကန်အပါအဝင် NATO မဟာမိတ်များနှင့်အတူ စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ဒိန်းမတ်ဝန်ကြီးချုပ် မက်တေ ဖရက်ဒရစ်ဆင်က ထရမ့်အနေဖြင့် သူ၏ဆန္ဒများကို “အလေးအနက်ထား စဉ်းစားသင့်သည်” ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း ဂရင်းလန်းအပေါ် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်လာပါက NATO မဟာမိတ်အဖွဲ့ကို ထိရောက်စွာ အဆုံးသတ်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။

ဂရင်းလန်းအစိုးရကမူ ထရမ့်အစိုးရ၏ ပြောကြားချက်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့် တွေ့ဆုံခွင့်တောင်းထားကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သယံဇာတကြွယ်ဝပြီး အမေရိကန်၊ ဥရောပနှင့် ရုရှားနိုင်ငံတို့အကြား မဟာဗျူဟာကျကျ တည်ရှိနေသော စတုရန်းမိုင် ၈၃၆,၀၀၀ ကျယ်ဝန်းသည့် ဂရင်းလန်းကျွန်းကို ထရမ့်က စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် မြေရှားသတ္တုများ အပါအဝင် သဘာဝသယံဇာတများ အမြောက်အမြား ရှိနေခြင်းက ထိုကျွန်းကို မဟာဗျူဟာမြောက် ပိုမိုအရေးပါလာစေခဲ့သည်။

၂၀၂၄ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် မကြာမီမှာပင် ထရမ့်သည် သူ၏ ပထမသက်တမ်းက ဂရင်းလန်းကကို ဝယ်ယူရန် ကမ်းလှမ်းချက်ကို တစ်ကျော့ပြန် အသက်သွင်းခဲ့သော်လည်း ထပ်မံငြင်းပယ်ခံခဲ့ရသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖလော်ရီဒါပြည်နယ်ရှိ သူ၏ မာရာလာဂို (Mar-a-Lago) အိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဂရင်းလန်ကို ထိန်းချုပ်ရန်အတွက် စစ်ရေးအရ အရေးယူမှုကို ချန်လှပ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့် မတ်လက လွှတ်တော်တွင်း မိန့်ခွန်းပြောကြားစဉ်တွင်လည်း ထရမ့်က “ကျွန်တော်တို့ အဲဒါကို ရအောင်ယူမှာပါ။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျွန်တော်တို့ ရအောင်ယူမှာပါ” ဟု ဂရင်းလန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ပြုလုပ်ခဲ့သည်။

ထိုလနှောင်းပိုင်းတွင် ဒုသမ္မတ ဂျေဒီဗန့်စ် သည် ဂရင်းလန်းသို့ အငြင်းပွားဖွယ် ခရီးစဉ်တစ်ခု သွားရောက်ခဲ့သည်။ ထိုခရီးစဉ်ကို ဒေသခံများက ဆန့်ကျင်ခဲ့ကြပြီး ခေါင်းဆောင်များကလည်း ကြိုဆိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ “ဒိန်းမတ်နိုင်ငံကို ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ ရိုးရိုးလေးပါပဲ။ ခင်ဗျားတို့ဟာ ဂရင်းလန်းပြည်သူတွေအတွက် ကောင်းကောင်းမလုပ်ဆောင်ပေးနိုင်ခဲ့ဘူး” ဟု ဗန့်စ်က အမေရိကန်၏ Pituffik အာကာသစခန်းတွင် ပြောကြားခဲ့သည်။ ထို့အပြင် ကျွန်းသည် ထိခိုက်လွယ်သည့် အခြေအနေတွင် ရှိနေပြီး အမေရိကန်အနေဖြင့် ထိုနေရာတွင် တပ်ဖြန့်မှုများ တိုးမြှင့်ရန်မှတစ်ပါး “အခြားရွေးချယ်စရာ မရှိတော့ကြောင်း” သူက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရ၏ ဂရင်းလန်းအပေါ် တစ်ကျော့ပြန် အာရုံစိုက်လာမှုအပေါ် ဒီမိုကရက်တစ်များနှင့် ရစ်ပတ်ဘလီကန် အချို့က ဝေဖန်ခဲ့ကြသည်။

အရီဇိုးနားပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရူဘင် ဂယ်လီဂိုက သူသည် အမေရိကန်အနေဖြင့် ဂရင်းလန်းကို ကျူးကျော်ခြင်းမှ တားဆီးရန် ဆုံးဖြတ်ချက်တစ်ခု တင်သွင်းနေကြောင်း ပြောကြားခဲ့သည်။ “ထရန့်က သူဘာလုပ်ချင်တယ်ဆိုတာကို ကျွန်တော်တို့ကို အတိအလင်း ပြောနေတာပါ။ သူ စိတ်ကူးပေါက်သလို တခြားနိုင်ငံတစ်ခုကို မကျူးကျော်ခင်မှာ ကျွန်တော်တို့ သူ့ကို တားဆီးရပါမယ်” ဟု ဂယ်လီဂိုက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီတွင် တာဝန်ထမ်းဆောင်နေသူ ရစ်ပတ်ဘလီကန် အမတ် ဒွန်ဘေကွန် ကလည်း အစိုးရအနေဖြင့် “ ဂရင်းလန်းကို လိုချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မရှိဒီလိုမိုက်မဲတဲ့တဲ့ စကားတွေကို ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီး အခြားရစ်ပတ်ဘလီကန် အမတ်များကိုလည်း ဂရင်းလန်းအပေါ် မည်သည့်စစ်ရေးအရ အရေးယူမှုကိုမဆို “တစ်ခဲနက် ဆန့်ကျင်ကြရန်” တောင်းဆိုခဲ့သည်။ “ဒါဟာ တုန်လှုပ်စရာကောင်းပါတယ်။ ဂရင်းလန်ဟာ NATO မဟာမိတ်ပါ။ ကျွန်တော်တို့မှာ ဂရင်းလန်းမှာ အခြေစိုက်စခန်း တစ်ခုရှိပါတယ်။ နောက်ထပ် လေးငါးခုလောက် ထပ်ဆောက်ရင်တောင် သူတို့က စိတ်ဆိုးမှာမဟုတ်ဘူး” ဟု ဘေကွန်က CNN သို့ ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံနှင့် ပတ်သက်၍ ဘေကွန်က ဆက်လက်ပြောကြားရာတွင် “သူတို့ဟာ ယုံကြည်ရတဲ့ မဟာမိတ်တွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အခုလို ဆက်ဆံနေတာဟာ တကယ်ကို သိက္ခာချရာရောက်ပြီး ဘာအကျိုးအမြတ်မှလည်း မရှိပါဘူး” ဟု ဆိုသည်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်းရှာဟီးန် နှင့် ရစ်ပတ်ဘလီကန် အထက်လွှတ်တော်အမတ် တွမ်တီလစ်တို့ကလည်း အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး “မတုန်လှုပ်သော လေးစားမှု” ကို ရရှိထားသည့် မဟာမိတ်ဖြစ်သူ ဒိန်းမတ်နိုင်ငံနှင့် အမေရိကန်၏ ကာလရှည်ကြာ လက်တွဲမှုကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။ ဒိန်းမတ်နိုင်ငံသည် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်နေပြီး အာတိတ်ဒေသ လုံခြုံရေးတွင် အရေးပါသော မိတ်ဖက်အဖြစ် ရှိနေကြောင်းကိုလည်း ၎င်းတို့က အလေးပေး ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံအနေနဲ့ NATO မဟာမိတ်နိုင်ငံတစ်ခုအပေါ် အကျပ်ကိုင်တာ ဒါမှမဟုတ် ပြင်ပဖိအားတွေ ပေးတာမျိုး လုပ်မယ်ဆိုတဲ့ ဘယ်လို အရိပ်အယောင်မျိုးမဆိုဟာ ကျွန်တော်တို့ မဟာမိတ်အဖွဲ့က ကာကွယ်စောင့်ရှောက်ဖို့ တည်ရှိနေတဲ့ ‘မိမိကံကြမ္မာ မိမိဖန်တီးခွင့်’ ဆိုတဲ့ အခြေခံမူတွေကို ထိပါးစေပါတယ်” ဟု အထက်လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071