Wednesday, February 19, 2025

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့်...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...
HomeNewsLocal Newsဂတ်စ်ဖြည့်ဖို့စောင့်နေတဲ့ YBS ကားကို...

ဂတ်စ်ဖြည့်ဖို့စောင့်နေတဲ့ YBS ကားကို အမျိုးသား​လေး​ယောက်က သေနတ်နဲ့ပစ်ပြီး ကားကိုမီးရှို့

(Unicode)

ဂတ်စ်ဖြည့်ဖို့စောင့်နေတဲ့ YBS ကားကို အမျိုးသား​လေး​ယောက်က သေနတ်နဲ့ပစ်ပြီး ကားကိုမီးရှို့

ဒီဇင်ဘာ ၅ ရက်နေ့လည် ၃ နာရီခွဲလောက်က ဒဂုံဆိပ်ကမ်း၊အမှတ်(၆၀)ရပ်ကွက်၊ဧရာဝဏ်လမ်းပေါ်က YP ဆီဆိုင်ရှေ့က ဂတ်စ်ဆိုင်မှာ ဂတ်စ်ထည့်ဖို့တန်းစီနေတဲ့ YBS ကားကို အမျိုးသားလေးယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ကားမောင်းသူကို သေနတ်ပြခြိမ်းခြောက်ကာ ကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

မီးရှို့ခံရတဲ့ကားက လှိုင်သာယာကနေ ဒဂုံတောင်ကိုပြေးဆွဲပေးနေတဲ့ YBS 99 ကားလိုင်းက ဦးမောင်မောင်(၄၈)နှစ်မောင်းတဲ့ 9P-1143 ကားဖြစ်ပါတယ်။

ဂတ်စ်ထည့်ဖို့ တခြားကားတွေနည်းတူ တန်းစီစောင့်နေတုန်း အမျိုးသားလေးယောက်ဟာ ဆိုင်ကယ်နဲ့ရောက်လာပြီး ဦးမောင်မောင်ကို သေနတ်ပြခြိမ်း ခြောက်ပြီး ကားတံခါးကိုဖွင့်ခိုင်းခဲ့ပါတယ်။တံခါးဖွင့်ပေးတဲ့အခါမှာ ကားပေါ်တက်လာပြီး ခရီး သည်ခြေနင်းခုံကိုသေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် အမျိုးသားတစ်ယောက်က ရေသန့်ဗူးထဲထည့်ထားတဲ့ ဓာတ်ဆီနဲ့ကားတစ်စီးလုံးကိုလိုက်ဖြန်းပြီး မီးရှို့ခဲ့ကြပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့တွေကစစ်ဆေးတဲ့အခါမှာ ကားမောင်းသူနားက ဒတ်ရှ်ဘုတ်အနည်းငယ်၊ ကားရဲ့အလယ်ထိုင်ခုံနားက ဆိုးလ်ပြား ၁ ပေလောက်၊ကားအနောက်ကထိုင်ခုံအရှည်နားမှာကာထားတဲ့ ဆိုးလ်ပြား ၁ ပေလောက်၊ခရီး သည်ဆင်းပေါက်နားက ပလပ်စတစ်ထိုင်ခုံ ၆ လက်မလောက်မီးလောက်ပျက်စီးခဲ့ပြီး THAI ARMS 380 ကျည်ခွံတစ်ခုကိုသိမ်းဆည်းရမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် လုံခြုံ ရေးအဖွဲ့တွေကဆောင်ရွက်နေကြတယ် လို့ ထုတ်ပြန်ချက်ထဲ ​ဖော်ပြ ပါရှိပါတယ် ။

(Zawgyi)

ဂတ္စ္ျဖည့္ဖို႔ေစာင့္ေနတဲ့ YBS ကားကို အမ်ိဳးသား​ေလး​ေယာက္က ေသနတ္နဲ႔ပစ္ၿပီး ကားကိုမီးရႈိ႕

ဒီဇင္ဘာ ၅ ရက္ေန႔လည္ ၃ နာရီခြဲေလာက္က ဒဂုံဆိပ္ကမ္း၊အမွတ္(၆၀)ရပ္ကြက္၊ဧရာဝဏ္လမ္းေပၚက YP ဆီဆိုင္ေရွ႕က ဂတ္စ္ဆိုင္မွာ ဂတ္စ္ထည့္ဖို႔တန္းစီေနတဲ့ YBS ကားကို အမ်ိဳးသားေလးေယာက္က ဆိုင္ကယ္နဲ႔ေရာက္လာၿပီး ကားေမာင္းသူကို ေသနတ္ျပၿခိမ္းေျခာက္ကာ ကားကိုမီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

မီးရႈိ႕ခံရတဲ့ကားက လႈိင္သာယာကေန ဒဂုံေတာင္ကိုေျပးဆြဲေပးေနတဲ့ YBS 99 ကားလိုင္းက ဦးေမာင္ေမာင္(၄၈)ႏွစ္ေမာင္းတဲ့ 9P-1143 ကားျဖစ္ပါတယ္။

ဂတ္စ္ထည့္ဖို႔ တျခားကားေတြနည္းတူ တန္းစီေစာင့္ေနတုန္း အမ်ိဳးသားေလးေယာက္ဟာ ဆိုင္ကယ္နဲ႔ေရာက္လာၿပီး ဦးေမာင္ေမာင္ကို ေသနတ္ျပၿခိမ္း ေျခာက္ၿပီး ကားတံခါးကိုဖြင့္ခိုင္းခဲ့ပါတယ္။တံခါးဖြင့္ေပးတဲ့အခါမွာ ကားေပၚတက္လာၿပီး ခရီး သည္ေျခနင္းခုံကိုေသနတ္နဲ႔ တစ္ခ်က္ပစ္ခတ္ခဲ့ပါတယ္။

အဲဒီေနာက္ အမ်ိဳးသားတစ္ေယာက္က ေရသန္႔ဗူးထဲထည့္ထားတဲ့ ဓာတ္ဆီနဲ႔ကားတစ္စီးလုံးကိုလိုက္ျဖန္းၿပီး မီးရႈိ႕ခဲ့ၾကပါတယ္။

အခင္းျဖစ္ေနရာကို လုံၿခဳံေရးအဖြဲ႕ေတြကစစ္ေဆးတဲ့အခါမွာ ကားေမာင္းသူနားက ဒတ္ရွ္ဘုတ္အနည္းငယ္၊ ကားရဲ႕အလယ္ထိုင္ခုံနားက ဆိုးလ္ျပား ၁ ေပေလာက္၊ကားအေနာက္ကထိုင္ခုံအရွည္နားမွာကာထားတဲ့ ဆိုးလ္ျပား ၁ ေပေလာက္၊ခရီး သည္ဆင္းေပါက္နားက ပလပ္စတစ္ထိုင္ခုံ ၆ လက္မေလာက္မီးေလာက္ပ်က္စီးခဲ့ၿပီး THAI ARMS 380 က်ည္ခြံတစ္ခုကိုသိမ္းဆည္းရမိခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးရမိၿပီး ဥပေဒနဲ႔အညီ ထိေရာက္စြာအေရးယူႏိုင္ဖို႔အတြက္ လုံၿခဳံ ေရးအဖြဲ႕ေတြကေဆာင္႐ြက္ေနၾကတယ္ လို႔ ထုတ္ျပန္ခ်က္ထဲ ​ေဖာ္ျပ ပါရွိပါတယ္ ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071