စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မဲရုံများတွင် ယနေ့ ဇန်နဝါရီလ (၁၁)ရက် ဆန္ဒမဲ လာပေးသူများပြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ (၁၁)ရက် ၊ နံနက် (၆)နာရီအချိန်မှ စတင်ကျင်းပရာ သက်ဆိုင်ရာ မဲရုံများသို့ မဲဆန္ဒရှင် ပြည်သူ များ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
နံနက် (၆)နာရီ မထိုးမီ မဲရုံမှူးမှ မဲရုံကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များရှေ့တွင် မဲပေးစက်(MEVM)အား စစ်ဆေး၍ လုံခြုံရေးကြိုးများချည်နှောင်ပြီး နံနက် (၆)နာရီတိတိတွင် မဲရုံဖွင့်လှစ်ကြောင်း ကြေညာပေးသည်။
ကြိုတင်ရောက်ရှိနေသည့် မဲဆန္ဒရှင်များက ဆန္ဒမဲပေးရန် တစ်ဦးချင်း တန်းစီ၍ ဆန္ဒမဲပေးကြရာ မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် မဲရုံအပြင်စည်း တာဝန်ယူထားသူများမှ ကူညီဆောင်ရွက်ပေးသလို မဲရုံအတွင်းမှ မဲရုံအဖွဲ့ဝင်များမှလည်း မိမိတို့တာဝန်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်တွင် မဲ ရုံ (၁၂)ရုံရှိပြီး မြို့ပေါ် (၆)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၁၉ ၈၅၀)ဦးရှိကြောင်း သိရသည်။
မဲရုံများကို ညနေ(၄)နာရီအချိန် ပိတ်သိမ်းကာ မဲပေးစက် (MEVM)အတွင်းမှ ဆန္ဒမဲများအား ပြည်သူများရှေ့ ပွင့်လင်းမြင်သာစွာ စိစစ်ရေတွက်သွားမည်ဖြစ်ကြောင်း သိရသည်။
