စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဘုရားကြီးဘုန်းတော်ကြီးကျောင်းအား အမည်မသိလက်နက်ကိုင်များက Drone ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်) ညနေ (၄) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် အမည်မသိလက်နက်ကိုင်များက Drone ဖြင့် Drop Boom (၂) လုံးဖြင့် ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း သန့်ရှင်းရေးလုပ်နေသည့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် အမျိုးသမီး (၁၀) ဦး မိုင်းစထိမှန်ဒဏ်ရာ ရခဲ့ပြီး ချောင်းဦးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။
အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်၌ ပါ၀င်ပတ်သတ်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့၀င်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။