သီတင်းကျွတ်ကာလ ရုံးပိတ်ရက်ကတည်းက အပမ်းဖြေခရီးသွားများ ပြည့်နေသည့် ချောင်းသာကမ်းခြေသည် ယခုထိဧည့်မပြတ်ပေ။ ရုံးပိတ်ရက်များ၌ ပိုပြည့်နေသဖြင့် သွားမည့်သူများကြိုတင် ဘွတ်ကင်များလုပ်မှ စိတ်ချရမည်။ ရှေ့တပတ်ထိ တော့ မိုးနှောင်းလက်ကျန်များ ရှိနေဦးမည်ဟု ခန့်မှန်းကြသည်။ ကမ်းခြေတွင် မိုးရွာသွန်းမှုရှိသော်လည်း လည်ပတ်သူများပြားလျက်ရှိသည်။ ရန်ကုန် ပုသိမ် လမ်းမကြီးနှင့် ပုသိမ်ချောင်းသာလမ်းတို့မှာ ပျက်စီးမှုများဖြစ်ပေါ်နေသဖြင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေသည်။သွားမည့်မော်တော်ယာဥ် အောက်ပိုင်းကြံ့ခိုင်ရေး၊ တာယာနှင့် လေပေါင်ချိန်တို့ကို ကြိုတင်စစ်ဆေးသွားသင့်ပါသည်။
