Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeNewsLocal Newsချောင်းများ၊ မြောင်းများမှစွန့်ထုတ်ရေများပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများအသုံးပြုကြည့်ရှုစစ်ဆေးရှင်းလင်းရမည်

ချောင်းများ၊ မြောင်းများမှစွန့်ထုတ်ရေများပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများအသုံးပြုကြည့်ရှုစစ်ဆေးရှင်းလင်းရမည်

ရန်ကုန်မြို့တွင်းရှိ ချောင်းများ၊ မြောင်းများမှစွန့်ထုတ်ရေများပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများအ သုံးပြုကြည့်ရှုစစ်ဆေးရှင်းလင်းရမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့အတွင်း သမိုင်းချောင်းအပါအဝင် ချောင်းများ၊ မြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအားမှာကြားခဲ့ခြင်းဖြစ်သည်။

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ သမိုင်းချောင်း တံတားနေရာနှင့် ဘုရင့်နောင်လမ်းမကြီးရှိ သမိုင်းချောင်းတံတားနေရာတို့ကို နိုင်ငံတော်ယာယီသမ္မတမှကြည့်ရှုစစ်ဆေးရာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

နိုင်ငံတော်ယာယီသမ္မတမှ ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်ချောင်းများ၊ ရေနုတ်မြောင်းများ စနစ်တကျဖြစ်ရန်လိုကာ အမှိုက်များအား သတ်မှတ်နေရာများ၌သာစွန့်ပစ်ရမည်ဖြစ်ပြီး မြောင်းများအတွင်းသို့ စွန့်ပစ်မှုမရှိစေရန်ပြည်သူများအား စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပြီး ရေကောင်းမွန်စွာစီးဆင်းမှုမရှိသည့် ချောင်းများ၊ မြောင်းများအတွင်းမှ အနံ့အသက်ဆိုးများသည် ပြည်သူများ ၏ကျန်းမာရေးကိုထိခိုက်စေမည်ဖြစ်၍ ရေစီးရေလာကောင်းမွန်အောင် စနစ်တကျဆောင်ရွက်ရမည်ဟု မှာ ကြားခဲ့သည်။

ထို့ပြင် သမိုင်းချောင်းအပါအဝင် ရန်ကုန်မြို့အတွင်းစီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများမှစွန့်ထုတ်ရေများ ရေထွက်ပေါက်များမှတဆင့် သက်ဆိုင်ရာမြစ်များ၊ ချောင်းများအတွင်းစီးဆင်းရာတွင် ပိတ်ဆို့မှုမရှိစေရေးခေတ်မီနည်းပညာများအသုံးပြု၍ ချောင်း၊ မြောင်းများတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး ပိတ်ဆို့နေသည့်နေရာများအားရှင်းလင်းရမည်ဟု မှာကြားသည်။

ယခင်က ရန်ကုန်မြို့အတွင်း၌ မိုးရာသီကာလများတွင် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ရန်ကုန်မြို့တော်စည်ပင်မှ စနစ်တကျစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခင်နှစ်များထက် ရေကြီးရေလျှံမှုများ များစွာလျော့နည်းလာသည်ကိုတွေ့မြင်ရသည်ဟု ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ သမိုင်းချောင်းအားပြုပြင်ထိန်း သိမ်းမှုများပြုလုပ်၍ ရေစီးရေလာများကောင်းမွန်အောင်ဆောင်ရွက်ပါက မိုးရာသီကာလများတွင် မရမ်းကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကို များစွာလျှော့ချနိုင်မည့်အပြင် ချောင်းတစ်လျှောက်အနံ့အသက်ဆိုးများလျော့ပါးသွားမည်ဖြစ်၍ သမိုင်းချောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့အတူ မြို့နေပြည်သူများအနေဖြင့်လည်း ချောင်းများ၊ မြောင်းများတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများမရှိစေရေးအတွက် ကိုယ်စီအသိစိတ်ဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါက ယခုထက်ပိုမိုသာယာလှပသည့်မြို့ကို ဖော်ဆောင်နိုင်မည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071