မကွေးတိုင်း၊ ချောက်မြို့တွင် ယနေ့ အောက်တိုဘာ ၁၄ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာ သွန်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ချောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကင်ပွန်းခြုံချောင်းရေလျှံကာ အမှတ်(၇)နယ်မြေ၊ အုတ်ဖိုရပ်ရှိ နေ အိမ်များအတွင်းသို့ရေဝင်ရောက်နေသဖြင့် ချောက်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များက ရေဝင်ရောက်နေသည့်နေအိမ်များ၌ နေထိုင်သူများအား ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
