နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသအာဏာပိုင်အဖွဲ့က ဇူလိုင်လ ၁၉ ရက် နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။ ချူံကင်းနှင့် ယူနန်ကဲ့သို့သော ဒေသများတွင် တောင်ပေါ်ရေကြီးမှုများဖြစ်နိုင်ကာ အန္တရာယ်ရှိသောနေရာများတွင် အရေးပေါ်ရွှေ့ပြောင်းမှုများပြုလုပ်ရနိုင်ကြောင်း သတိပေးပြီးတစ်ရက်အကြာတွင် ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျယ်ပြန့်သော မိုးရွာသွန်းမှုဇုန်သည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ အရှေ့ဘက်ကမ်းရိုးတန်းရှိ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသအထိ တရုတ်နိုင်ငံတောင်ပိုင်းကို ထောင့်ဖြတ်ဖြတ်ထားသည်။
ဇူလိုင်လ ၁၉ ရက် နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှန်ဟိုင်း-ကူမင်းရထားလမ်းကြောင်းရှိ ခရီးသည်တင်ရထားအချို့ကို ရထားလမ်းအာဏာပိုင်များက ရပ်ဆိုင်းခဲ့ကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့သည်။
သီတင်းပတ်ကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယူနန်တွင် ကျားခုန်ချောက်ကမ်းပါးအပါအဝင် ရှုခင်းသာနေရာများစွာကို ယာယီပိတ်ထားခဲ့သည်။
ဇူလိုင်လအစောပိုင်းက တိုက်ဖွန်း မေဆက် ဝင်ရောက်တို-က်ခတ်ခဲ့ခြင်းမှ ပြန်လည်နာလန်ထူဆဲဖြစ်သော အနောက်တောင်ပိုင်း ကွမ်ရှီးဒေသ၏ နေရာအချို့သည်လည်း ဇူလိုင်လ ၂၁ ရက်နေ့အထိ တကျော့ပြန်မိုးရွာသွန်းမည့်အခြေအနေအတွက် ပြင်ဆင်နေရသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒေသတွင်းရှိ မြစ်အချို့သည် ၁ မီတာမှ ၃ မီတာအထိ မြစ်ရေမြင့်တက်လာကြောင်း ကွမ်ရှီးပြည်နယ် ဘိုင်ဆယ်ရှိ ရေအရင်းအမြစ်အာဏာပိုင်များက ပြောဆိုကြောင်း စီစီတီဗီသတင်းဌာနက ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဇူလိုင်လ ၁၇ ရက် နေ့က ချူံကင်းခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူရှစ်ဦးေ-သဆုံးခဲ့ကာ ပျေ-ာက်ဆုံးလျက်ရှိသူ ၃၄ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
