Tuesday, March 18, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeInternationalချီလီနိုင်ငံ ပါတာဂိုးနီးယားရှိ တောင်တန်းရေခဲမြစ်...

ချီလီနိုင်ငံ ပါတာဂိုးနီးယားရှိ တောင်တန်းရေခဲမြစ် အပူချိန်မြင့်တက်မှုကြောင့်ပျော်ကျ

ချီလီနိုင်ငံ ပါတာဂိုးနီးယားရှိ တောင်တန်းရေခဲမြစ် အပူချိန်မြင့်တက်မှုကြောင့်ပျော်ကျ

ဆန်တီ‌ ယေဂို၊စက်တင်ဘာ ၁၄

အပူချိန်မြင့်မားမှုနှင့်မိုးရွာသွန်းမှုကြောင့် ရေခဲနံရံများအားပျော့လာကာ ချီလီနိုင်ငံပါတာဂိုးနီးယားဒေသရှိ အမျိုးသားဥယျာဉ်တစ်ခုထဲမှ တွဲလောင်းကျနေသည့်ရေခဲမြစ်တစ်စိတ်တစ်ပိုင်းသည် ပြိုကျကွဲထွက်သွားသည်ကို ကမ္ဘာလှည့်ခရီးသွားများရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင်တွေ့ရှိခဲ့ရသည်။

စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့တွင်ပျံ့နှံ့သွားခဲ့သော အဆိုပါဗီဒီယိုတွင် ချီလီမြို့တော်၏တောင်ဘက် ကီလိုမီတာ ၁,၂၀၀ အကျော်ရှိ Queulat အမျိုးသားဥယျာဉ်ထဲမှ အမြင့်မီတာ ၂၀၀ ခန့်ရှိတောင်ထိပ်တစ်ခုပေါ်မှရေခဲမြစ်တစ်ခုတုန်ခါကျိုးကျသွားသည်ကို အထင်အရှားမြင်တွေ့ရသည်။

“ဒီလိုဖြစ်ရပ်မျိုးဟာ အပူလှိုင်းကြောင့် ဒါမှမဟုတ် ပြင်းထန်တဲ့မိုးရွာသွန်းမှုဖြစ်စဉ်တွေကြောင့်ဖြစ်လေ့ရှိပြီး ဒီလိုဖြစ်တာချီလီမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာဖြစ်နေတာပါ၊ဒီလိုခဏခဏဖြစ်လာတာဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး” ဟု ဆန်တီ‌ ယေဂိုတက္ကသိုလ်မှ ပညာရှင် မစ္စတာ Cordero ကဆိုသည်။

မစ္စတာ Cordero ၏ပြောကြားချက်အရ ယခုကဲ့သို့ရေခဲမြစ်အရည်မပျော်ခင်က ဆန်တီ ယေဂိုဒေသတွင် အလွန်ပြင်းထန်သည့်အပူချိန်ဖြင့် အပူလှိုင်းတစ်ခုဖြတ်သန်းသွားခဲ့သည်ဟု သိရှိရသည်။ “ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တွေထဲကတစ်ခုကတော့ အခုလိုရေခဲမြစ်တွေမကြာခဏအရည်ပျော်ကျတာပါပဲ” ဟု၎င်းကပြောကြားခဲ့သည်။ ယခုပါတာဂိုးနီးယားမှာဖြစ်သွားသကဲ့သို့ပင် ယခင်လအနည်းငယ်အတွင်းက ဟိမဝန္တာနှင့်အဲလ်ပ်တောင်တန်းနှစ်ခုလုံးတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်ဟုဖော်ပြထားသည်။

ယခုကဲ့သို့ကမ္ဘာကြီးပူနွေးလာမှုသည် လူသားများကြောင့်ဖြစ်ပေါ်လာရသည့် ရာသီဥတုပြောင်းလဲမှုနှင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများနှင့်ဆက်စပ်နေသည်ဟု သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။ကမ္ဘာကြီးပူနွေးလာမှုကိုထိန်းချုပ်ရန်နှင့် ရာသီဥတု ပေါ်အကျိုးသက်ရောက်မှုများကို ကန့်သတ်ရန်အစိုးရများနှင့်စက်မှုလုပ်ငန်းများသည် ရုပ်ကြွင်းလောင်စာထုတ်လွှတ်မှုကိုသိသိသာသာလျှော့ချသင့်သည်ဟု ကုလသမဂ္ဂရာသီဥတုသိပ္ပံအဖွဲ့က ယခုနှစ်အစောပိုင်းကပြောကြားခဲ့သည်။

Source –Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071