Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeNewsLocal Newsချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင်...

ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ကျင်းပမည်

ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ် (၂၄) ရက်မှ (၂၆) ရက် အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ လွိုင်မွေဒေသတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော်(ပဥ္စမအကြိမ်) ကို လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လွိုင်မွေဒေသ ချယ်ရီပန်းပွင့်ချိန်တွင် ပြည်သူများလာရောက်ကြည့်ရှု ဓာတ်ပုံရို-က်လေ့ရှိပြီး လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ဆောင်းရာသီကာလ ချယ်ရီပန်းများပွင့်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ရ က်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပကြောင်း သိရသည်။

ချယ်ရီပန်းပွဲတော်တွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရှမ်း၊ အာခါ၊ လားဟူ၊ ဝ၊ လီဆူ၊ လွယ်၊ အားခေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး၊ ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်း ဒေသထွက်ကုန်များကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများပွင့်ကြသော်လည်း လွိုင်မွေချယ်ရီပန်းများဒေသကဲ့သို့ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာရှားသည်ဟု ဆိုသည်။

ထို့ပြင် လွိုင်မွေတောင်စခန်းမြို့ အတက်/အဆင်းလမ်းဘေးဝဲယာနှင့် ကန်ပတ်လည်တို့တွင် ချယ်ရီပင်များထပ်မံစိုက်ပျိုထားရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်မွေတောင်စခန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်သည် ပေ ၅၅၄၂ တွင် တည်ရှိပြီး အထင်ကရ လွိုင်မွေရေ ကန်၊ နှစ်တစ်ရာစံအိမ် စသည့် အမှတ်တရ ဓာတ်ပုံရို-က်ကူးသည့်နေရာများ များပြားသည့်အပြင် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071