Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsချမ်းမြသာစည်မှာ သေဆုံးသွားတဲ့ ၅...

ချမ်းမြသာစည်မှာ သေဆုံးသွားတဲ့ ၅ နှစ်အရွယ်မိန်းကလေးရဲ့ နာရေး ယနေ့ပြုလုပ်

(Unicode)

ချမ်းမြသာစည်မှာ သေဆုံးသွားတဲ့ ၅ နှစ်အရွယ်မိန်းကလေးရဲ့ နာရေး ယနေ့ပြုလုပ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၆ ရက်ည ၆ နာရီခွဲလောက်က လမ်းဘေးကကွမ်းယာဆိုင်ထဲရှိနေတဲ့ အသက် ၅ နှစ်အရွယ်မိန်းကလေးတစ်ယောက် ဗုံးစထိမှန်ပြီး ဆေးရုံတက်ရောက်ကုသနေစဉ်မှာ သေဆုံးခဲ့ပါတယ်။

ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ လမ်းနဲ့ ၄၆ လမ်းကြားက အောင်သာယာရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နှစ်စီးသူ နှစ်ဦးရောက်လာပြီး လက်ပစ်ဗုံးနှစ်လုံးနဲ့ပစ်ပေါက်ထွက်ပြေးသွားခဲ့တာကြောင့် အဲ့ဒီကလေးငယ်သေဆုံးခဲ့တာဖြစ်တယ်လို နစကဘက်က ပြောဆိုပါတယ်။

အခြားတစ်ဖက်မှာတော့ ရပ်ကွက်ရုံး ပစ်ခတ်ခံရပြီးနောက် စစ်သားတွေက ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ၅နှစ်သမီး သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုနေကြပါတယ်။

“ရပ်ကွက်ရုံးကို ဗုံးလာပစ်တာဟုတ်တယ်။ စစ်သားတွေကမောင်းပြေးသွားတဲ့ဆိုင်ကယ်ကိုလိုက်ပစ်တာလည်း ဟုတ်တယ်။ သေသွားတဲ့ကလေးမ ရှိတဲ့ကွမ်းယာဆိုင်က အုပ်ချုပ်ရေးရုံးနားမှာဆိုတော့ ဖြစ်တဲ့အချိန်ကအကုန်လုံးလန့်သွားကြတော့ ကလေးမလေးဘာနဲ့ထိသွားတယ်ဆိုတာတော့ မသိရဘူး ဗုံးစကြောင့်လား သေနတ်ကြောင့်လားဆိုတာကိုတော့ ဆရာဝန်တွေပဲသိလိမ့်မယ်”လို ဒေသခံတစ်ယောက်ကပြောပါတယ်။

အမည်မသိဆိုင်ကယ်စီးသမားတွေ ပစ်ပေါက်ခဲ့တဲ့ လက်ပစ် ဗုံးတစ်လုံးဟာ အုပ်ချုပ်ရေးရုံးနားက ကွမ်းယာဆိုင်အနီးမှာပေါက်ကွဲခဲ့တာကြောင့် ဆိုင်ထဲမှာရှိတဲ့ ကလေးမမှာ ဗုံးစထိမှန်ဒဏ်ရာတွေရခဲ့တာကြောင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ဆေးကုသပေးနေတုန်း သေဆုံးသွားခဲ့တယ်လို့ နစကဘက်ကတော့ ပြောဆိုထားတာရှိပါတယ်။

အထက်ပါ ဖြစ်စဥ်တွင် သေဆုံးခဲ့သည့် အသက် ၅ နှစ်အရွယ် ကလေးငယ်ဖြစ်သူ မအိသန္တာအောင်၏ နာရေးကို မန္တလေးတိုင်းဒေသကြီး တောင်အင်းမြောက်အင်း သုဿန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo Credit- The River News TRN

(Zawgyi)

ခ်မ္းျမသာစည္မွာ ေသဆုံးသြားတဲ့ ၅ ႏွစ္အ႐ြယ္မိန္းကေလးရဲ႕ နာေရး ယေန႔ျပဳလုပ္

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းမွာ ဒီဇင္ဘာ ၆ ရက္ည ၆ နာရီခြဲေလာက္က လမ္းေဘးကကြမ္းယာဆိုင္ထဲရွိေနတဲ့ အသက္ ၅ ႏွစ္အ႐ြယ္မိန္းကေလးတစ္ေယာက္ ဗုံးစထိမွန္ၿပီး ေဆး႐ုံတက္ေရာက္ကုသေနစဥ္မွာ ေသဆုံးခဲ့ပါတယ္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၁၁၀ လမ္း၊ ၄၅ လမ္းနဲ႔ ၄၆ လမ္းၾကားက ေအာင္သာယာရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉး႐ုံးကို ဆိုင္ကယ္ႏွစ္စီးသူ ႏွစ္ဦးေရာက္လာၿပီး လက္ပစ္ဗုံးႏွစ္လုံးနဲ႔ပစ္ေပါက္ထြက္ေျပးသြားခဲ့တာေၾကာင့္ အဲ့ဒီကေလးငယ္ေသဆုံးခဲ့တာျဖစ္တယ္လို နစကဘက္က ေျပာဆိုပါတယ္။

အျခားတစ္ဖက္မွာေတာ့ ရပ္ကြက္႐ုံး ပစ္ခတ္ခံရၿပီးေနာက္ စစ္သားေတြက ျပန္လည္ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ ၅ႏွစ္သမီး ေသနတ္ထိမွန္ေသဆုံးခဲ့တယ္လို႔ ဆိုေနၾကပါတယ္။

“ရပ္ကြက္႐ုံးကို ဗုံးလာပစ္တာဟုတ္တယ္။ စစ္သားေတြကေမာင္းေျပးသြားတဲ့ဆိုင္ကယ္ကိုလိုက္ပစ္တာလည္း ဟုတ္တယ္။ ေသသြားတဲ့ကေလးမ ရွိတဲ့ကြမ္းယာဆိုင္က အုပ္ခ်ဳပ္ေရး႐ုံးနားမွာဆိုေတာ့ ျဖစ္တဲ့အခ်ိန္ကအကုန္လုံးလန႔္သြားၾကေတာ့ ကေလးမေလးဘာနဲ႔ထိသြားတယ္ဆိုတာေတာ့ မသိရဘူး ဗုံးစေၾကာင့္လား ေသနတ္ေၾကာင့္လားဆိုတာကိုေတာ့ ဆရာဝန္ေတြပဲသိလိမ့္မယ္”လို ေဒသခံတစ္ေယာက္ကေျပာပါတယ္။

အမည္မသိဆိုင္ကယ္စီးသမားေတြ ပစ္ေပါက္ခဲ့တဲ့ လက္ပစ္ ဗုံးတစ္လုံးဟာ အုပ္ခ်ဳပ္ေရး႐ုံးနားက ကြမ္းယာဆိုင္အနီးမွာေပါက္ကြဲခဲ့တာေၾကာင့္ ဆိုင္ထဲမွာရွိတဲ့ ကေလးမမွာ ဗုံးစထိမွန္ဒဏ္ရာေတြရခဲ့တာေၾကာင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးကိုပို႔ ေဆာင္ေဆးကုသေပးေနတုန္း ေသဆုံးသြားခဲ့တယ္လို႔ နစကဘက္ကေတာ့ ေျပာဆိုထားတာရွိပါတယ္။

အထက္ပါ ျဖစ္စဥ္တြင္ ေသဆုံးခဲ့သည့္ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ျဖစ္သူ မအိသႏၲာေအာင္၏ နာေရးကို မႏၲေလးတိုင္းေဒသႀကီး ေတာင္အင္းေျမာက္အင္း သုႆန္တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071