မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ယနေ့ နိုဝင်ဘာ ၃ ရက်နံနက် ၁၁ နာရီ ၃၆ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်း၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင်မီးလေ-ာင်မှုဖြစ်ပွား၍ ချမ်းမြသာစည်မြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
