မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ (၄(ထပ်တိုက်တစ်လုံးတွင် ယနေ့ အောက်တိုဘာ ၁၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ (၄)ထပ်တိုက်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ ချမ်းမြသာစည်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ မဏီစလ လူမူကူညီရေးအသင်း(မန္တလေး)မှအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
