ချန်ပီယံ ဗီယက်နမ် လက်ရွေးစင်အမျိုးသမီးအသင်းက မြန်မာအသင်းကို ဦးဆောင်ဂိုး၂ ဂိုးသွင်းယူထားပြီဖြစ်သည်။
ယနေ့ ပွဲစဉ် ပထမပိုင်းအချိန် (၈)မိနစ်တွင် ဗီယက်နမ်ကစားသမား Ngan Thi Van Su (၁) ဂိုးနှင့် ပွဲချိန် (၁၃) မိနစ်အချိန်၌ Nguyen Thi Bich Thuy က ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။
မြန်မာအမျိုးသမီးအသင်းအနေဖြင့် ပထမပိုင်းပွဲချိန်ပြီးဆုံချိန်အထိ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။
ယနေ့ ပွဲစဉ်အတွင်း မြန်မာအမျိုးသမီးအသင်းက အဖြူရောင်ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့်အတူ ကျရောက်နေပြီး ဒီဇင်ဘာ (၅) ရက် အုပ်စုအဖွင့်ပွဲစဥ်တွင် ဖိလစ်ပိုင်အသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရထားသလို အုပ်စု ဒုတိယပွဲစဉ်တွင် မလေးရှားအသင်းကို (၃) ဂိုး ပြတ်ဖြင့် အနိုင်ရရှိထားသည်။
ဂိုးကွာခြားချက်အရ အုပ်စု ပထမနေရာတွင် ဗီယက်နမ်၊ ဒုတိယနေရာတွင် မြန်မာရှိနေပြီး တတိယနေရာမှာ ဖိလစ်ပိုင်နှင့် စတုတ္ထနေရာတွင် မလေးရှားအသင်းတို့ရပ်တည်နေကြသည်။
