Saturday, February 15, 2025

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal Newsချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာသင်တန်း...

ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာသင်တန်း ယခုလတွင် ဖွင့်လှစ်မည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ယခုနှစ်အတွက် သင်တန်းသား/သူများအား ဇန်နဝါရီလမှစတင်ခေါ်ယူနေပြီဖြစ်ကြောင်း အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံ မှ သိရသည်။

ပုံမှန်သင်တန်း အတွက် (၁၀) တန်းအောင်၊ (၈) တန်းအောင်နှင့် (၄) တန်းအောင်များအား အသက် (၁၆)နှစ် မှ (၂၈)နှစ် အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုများအား ခေါ်ယူသွားမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသော သင်တန်းသားများအနေဖြင့် ပညာသင်ထောက်ပံ့ကြေးများကိုလည်း ပေးအပ်သွားမည်ဖြစ်ကာ အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများအတွက် အသက်ကန့်သက်ချက်နှင့် ပညာအရည် အချင်း ကန့်သတ်ချက်မရှိကြောင်း၊ သင်တန်းတိုင်းအတွက် ရေမီးအစုံဖြင့် အဆောင်အခမဲ့ နေထိုင်ခွင့် နှင့် သင်တန်းသုံးပစ္စည်းများအား အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအနေဖြင့် ပုံမှန်သင်တန်းများအတွက် တစ်နှစ်သင်တန်း၊ ခြောက်လသင်တန်းနှင့် သုံးလသင်တန်းရှိပြီး သင်တန်းအမျိုးအမည်အလိုက် ကာလကြာမြင့်မည်ဖြစ်ကြောင်း၊ ပုံမှန်သင်တန်းများတွင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန အောက်ရှိ ရုံးခွဲများ ရက်ကန်းကျောင်းများတွင် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ကြောင်း၊ ကိုယ်ပိုင်ထုတ်လုပ်မှု လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိသော ပုံမှန်သင်တန်းများမှာ ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ သင်တန်း၊ ရိုးရာ လွန်းရာကျ အချိတ်သင်တန်း၊ လက်ရက်ကန်းသင်တန်း၊ ရွှေချည်ငွေချည်ထိုး သင်တန်းများဖြစ်ပြီး အခြား အသက်မွေး ဝမ်းကျောင်း သင်တန်းများမှာ စက်ရက်ကန်း စက်မောင်း/စက်ပြင် သင်တန်း၊သဘာဝဆေး ဆိုးနည်း ပညာသင်တန်း၊အထည်ပန်း ပုံရိုက်ဆေးရေး ပန်းချီ သင်တန်း၊ရိုးရာဂျပ်ခုတ်နည်းသင်တန်း၊ အခြေခံစက်ချုပ် နည်းပညာသင်တန်း၊ လက်ရက်ကန်း အထည် ဒီဇိုင်းသင်တန်း၊ အခြေခံမော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့်...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စမာကျားတို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာလျှိုကျုံးရီနှင့် မစ္စမာကျားတို့အား ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းများ ဆက်လက်အကောင်အ ထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့် ကိစ္စရပ်များအား မြန်မာနိုင်ငံမှ အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားမည်

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ပြောကြားသည်။ ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ဖေဖော် ဝါရီ (၁၃) ရက်က ကျင်းပသည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASE AN-Korea Centre- AKC) ကောင်စီ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်း အနားတို့တွင် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071