နှစ်နိုင်ငံချစ်ကြည်ရေးအလုပ်သဘောခရီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးဝင်းမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Bounphieng Chanthavong နှင့် အဖွဲ့ကရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးဝင်းမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာ-လာအို နှစ်နိုင်ငံသည် ယခင်ကတည်းက ချစ်ခင်ရင်းနှီးစွာနေထိုင်ခဲ့ပြီး ယခုအခါ ပို၍ရင်းနှီးရန် နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ခြင်းဖြစ်ကာ ၁၀ နှစ်ကျော်ကာလတွင်း လာအိုနိုင်ငံတိုးတက်နေသည်ကို မြင်တွေ့ခဲ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးဝင်းမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။
ထို့ပြင် ၂၀၂၅ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပမည့် နှစ် (၅၀) ပြည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် နှစ် (၇၀) ပြည့် လာအို-မြန်မာ သံတမန်ဆက်ဆံရေး အခမ်းအနားအား တက်ရောက်နိုင်စေရန် မြန်မာနိုင်ငံအား ရင်းနှီးစွာဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးဆောင်ရွက်ရန် ကိစ္စများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ့ကုန်သွယ်မှုအတွက် လမ်းကြောင်းကိစ္စများ၊ နှစ်နိုင်ငံလူငယ်လေ့လာရေးအစီစဉ်များ၊ ရွှေ့ပြောင်းလုပ်သားကိစ္စများကို ဆွေးနွေခဲ့ကြောင်းသိရသည်။
