Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeCelebrities' Newsချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ့် သူ့...

ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ့် သူ့ ချ စ် သူ အေ ကြာ င်း

ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် သရုပ်ဆောင် ဧငြိမ်းဖြူက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အကသင်တန်း သွားရောက်တက်နေပြီဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အကနဲ့ ပတ်သက်လို့ ဝါသနာပါတဲ့ ဧငြိမ်းဖြူအနေနဲ့ သူမ ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးမယ့် အကရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုလည်း အခုလို …

“အဲဒီဇာတ်ကားထဲမှာ အကမျိုးစုံတော့ ပါမယ်ရှင့်။ ဘယ်လိုမျိုးလဲတော့ သေသေချာချာ ကိုဝိုင်းနဲ့မပြောရသေးဘူး။ ဒါပေမဲ့ အဓိက ကတော့ အနောက်တိုင်း အကပေါ့နော်။ အဲဒီလိုကတော့ ဖြစ်ဖို့များပါတယ်။ ရိုက်ကူး ဖို့ကတော့ Confirm ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လလောက်နေရင်၊ ၂ဝ၁၈ခုနှစ်ထဲမှာ ရိုက်ကူးမှာ ပါရှင့်။ အဓိကကတော့ Laurel Art က အနုပညာ မောင်နှမတွေပါမယ်။ မင်းသားကတော့ ဘယ်သူလဲ ဆိုတာ အခုထိမဆုံးဖြတ်ရသေးဘူး။ ပြီးတော့ ဒါဟာအက ဇာတ်ကားဖြစ်တဲ့အတွက် တအားတော့ ရင်ခုန် နေပါတယ်။ ဒီလိုမျိုးဇာတ်ကားက မရှိသေးဘူး လေ။ ပရိသတ်တွေ လက်မခံမှာလည်းစိုးတယ်။ အဲဒီလို မျိုးတော့ စိုးရိမ်စိတ်ကလေး ဖြစ်မိပါတယ်” လို့ ဧငြိမ်းဖြူ ထံမှ သိရပါတယ်။ ဖေ့စ်ဘုတ်ခ်မှာ တင်လေ့ရှိတဲ့ ဧငြိမ်းဖြူ ရဲ့ အကဗီဒီယိုဖိုင်တွေ နောက်ပိုင်း သိပ်မြင်မတွေ့ရတော့ဘူး နော်လို့ဆိုတော့…

“တင်ဖို့ရှိပါတယ်ရှင့်။ ညီမ ဒီလကုန်၊ ဇန်နဝါရီလ လယ်လောက်မှာ တင်ဖို့ရှိပါတယ်။ ပရိသတ်တွေလည်း ညီမ မကတာကြာပြီဆိုတော့လေ။ အဓိကက ညီမက အကဇာတ်ကားကြီး ရိုက်မှာဖြစ်တဲ့အတွက် ခဏ၊ ခဏ ဖေ့စ်ဘုတ်ခ်မှာ တင်နေရင် ရိုးသွားမှာစိုးလို့ပါ။ အဲဒါလည်း ပါ ပါတယ်” လို့ သူမကပြောပါတယ်။    ဧငြိမ်းဖြူ ကိုတွေ့ရင် မမေးမဖြစ် မေးရတဲ့ မေးခွန်းတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူမရဲ့ အချစ်ရေးပါ။ ချစ် သူအဆိုတော်နဲ့ ချစ်သူ သက်တမ်း တစ်နှစ် ပြည့်တော့မှာဖြစ်လို့ အဆင်ပြေပါတယ် လို့ဆိုတဲ့ ဧငြိမ်းဖြူ ကို အလုပ်တွေ ရှုပ် နေတဲ့ အနု ပညာရှင် ၂ ယောက် ဆို တော့ ဘယ်အချိန် တွေမှ တွေ့ဖြစ်လဲ၊ တစ် ယောက်နဲ့ တစ်ယောက် ဘယ် လိုတွေ အကြံ ဥာဏ်ပေးဖြစ် သလဲဆိုတာတွေကို မေးဖြစ် တော့…

“သူလည်းအခု အ ခွေအယ်ဘမ်ထွက်တော့ မယ်။ ညီမလည်း အခု ရုပ်ရှင်ရိုက်ကူးစရာတွေ၊ ပြင်ဆင်စရာတွေ ပြင် ဆင်ရတော့ မယ်ဆို တော့ သိပ်မတွေ့ဖြစ် ဘူး။ ညီမနဲ့ သူနဲ့က တော့ အားရင်အား သလို တွေ့ဖြစ်ပါတယ်။ အမြဲတမ်းမုန့်သွားစား တာတို့လုပ်ဖြစ်ပါတယ်။ သူက ညီမကို အကြံပေးတာ ထက် ညီမက သူ့ကို အကြံ ပေး တာများတယ်။ ညီမက ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပိုပြီးလေ့လာဖြစ်တဲ့အခါ ကျတော့ သူကမေးတယ်။ ဖက်ရှင်နဲ့ ပတ် သက်ပြီးဘယ်လိုလေးလုပ်လိုက်ရင် ကောင်း မယ် စသဖြင့်ပေါ့။ အဲဒီလိုမျိုးလေးတွေ အကြံပေးဖြစ်ပါတယ်” လို့ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071