Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsချစ်သူနဲ့ မင်္ဂလာပွဲကို အ...

ချစ်သူနဲ့ မင်္ဂလာပွဲကို အ ကျ ဉ်း ချုံး ကျ င်း ပ ခဲ့ တဲ့ သန္တာလှိုင်

မော်လ်ဒယ်သန္တာလှိုင်က သူမရဲ့ချစ်သူနဲ့အတူ အောက်တိုဘာလ ၆ရက်နေ့ကတရားရုံးမှာပဲ မင်္ဂလာ လက်မှတ်ရေးထိုးပြီး မိသားစု၊ အပေါင်းအသင်း သူငယ် ချင်းများနဲ့အတူ မင်္ဂလာပွဲကို အကျဉ်းချုံး ပြု လုပ်ခဲ့ပါတယ်။ အရင်ကတည်းကပဲ မင်္ဂလာပွဲကို ကြီး ကြီးကျယ်ကျယ်ခမ်းခမ်းနားနား ပြုလုပ်ဖို့ အစီအစဉ် မရှိခဲ့ပါဘူးဆိုတဲ့ သန္တာလှိုင်ကို ချစ်သူကပေးမယ့် လက်စွပ်ရဲ့ အဓိပ္ပာယ်က…

“အစ်မတို့အနေနဲ့ မင်္ဂလာဆောင်တဲ့နေ့နဲ့ မင်္ဂလာ ပွဲက အဓိက မကျတော့ပါဘူး။ အရင်အိမ်ထောင်နဲ့ တုန်းက လည်း မင်္ဂလာပွဲအကြီးကြီး မလုပ်ခဲ့ဘူး။ ပွဲ အကြီးကြီး လုပ်တာက အစ်မရဲ့ အိပ်မက်တစ်ခုမဟုတ် ပါဘူး။ ကိုယ့်အိပ်မက်က တကယ်ကို မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း၊ ပျော် ပျော်ရွှင်ရွှင်နဲ့ပဲ နေချင်တာပါ။ အဲဒီ လိုမျိုးမိသားစုပုံစံလေးမျိုးကို အခု အိမ်ထောင် အသစ်နဲ့ရော၊ အမျိုးသားဟောင်းနဲ့ရော တကယ့်ကို သိုက်သိုက်ဝန်းဝန်းနဲ့ ပြန်နေရပြီဆိုတော့ ပွဲလုပ်တာ၊ မလုပ်တာက အဓိကမ ဟုတ်တော့ပါဘူး။ ဒါပေမဲ့ တရားဝင်လက်မှတ်ထိုးပြီး တရားဝင် လက်ထပ် ယူချင် တဲ့အတွက် နှစ်ဘက်မိသားစုနဲ့ မိဘတွေကျေနပ်အောင် လက်မှတ် ထိုးပြီး မိသားစုတွေနဲ့ပဲ သိုက်သိုက် ဝန်းဝန်း လုပ်ဖြစ်ခဲ့တယ်။ အမှန်ကတော့ ဒီလိုမျိုးအကြီးအကျယ် လုပ်ဖို့ တောင် စိတ်ကူးမရှိပါဘူး။

အစ်မရဲ့ အမျိုးသား ကတော့ အစ်မရဲ့ လက်ကလေးပေါ်မှာတော့ လက်စွပ် ကလေး တစ်ကွင်းပေးချင်တယ်။ အဓိပ္ပာယ်ကတော့ ကြိုက်တဲ့သူကြိုက်သလို ခေါ်လို့ရပါတယ်။ ဒီတစ်ကွင်း အပြင် တခြားနောက်ထပ် လက်စွပ်ဝတ် ဖို့လည်း စိတ်ကူး မရှိပါဘူး။ အဓိပ္ပာယ်ကလည်း ကိုယ်သက်မှတ်ချင်တဲ့ အပေါ်ပဲ မူ တည်ပါတယ်။ ကိုယ်လိုချင်တဲ့ ကျောက် ကလေးတွေနဲ့ လုပ်မှာဖြစ် တဲ့အတွက် အချိန်တော့နည်း နည်း ယူရမှာပါ”လို့ သန္တာလှိုင်က ပြောပြပါတယ်။  လက်ရှိမှာ သမီးအကြီးနဲ့ သားအငယ်ကို ပြုစုပျိုး ထောင်ပေးနေတဲ့ သန္တာလှိုင်ကို အခုလို အိမ်ထောင်  အသစ်ထူထောင်လိုက်တဲ့အပေါ် သားနဲ့သမီးကလည်း လက်ခံပေးပြီး အမျိုးသားဖြစ်သူကိုလည်း ချစ်ခင်ပေး ကြတယ်လို့ ဆိုပါတယ်။ အခု အချိန်မှာ အမျိုးသား ဟောင်းနဲ့လည်း အခင်အမင်မပျက်ဘဲ အားလုံးက မိသားစု လိုပဲ ချစ်ချစ်ခင်ခင်ရှိကြတယ်လို့ သန္တာလှိုင်က ပြောပြပါ တယ်။

  “အစ်မရဲ့ကလေးတွေက ဟိုးငယ်ငယ်ကတည်းက အခုချိန်ထိ မိသားစုဆိုတာကို မကွဲအောင်ထား နိုင်ခဲ့တဲ့ အမေကို သူတို့တန်ဖိုးထားကြတယ်။ အမေ စိတ်ချမ်းသာမယ်ဆိုရင် အမေအတွက် ကောင်း မယ့်သူဆိုရင် ကိုယ့်ထက်တောင်မှ သူတို့က ပိုကြည့် တတ်သေးတယ်။ ကိုယ်ကတောင် ကိုယ့်အနားကပ် လာတဲ့သူထဲမှာ ဘယ်သူက ကိုယ့်အတွက် ကောင်း လည်း၊ မကောင်းဘူးလည်း မခွဲခြား တတ်ရင်ရှိမယ်။ သူတို့က ကိုယ့်အတွက် ပိုပြီးခွဲခြားတတ်တယ်။ အစ်မရဲ့ အမျိုးသားကိုလည်း သူတို့ စတွေ့ ကတည်းက သူတို့ကိုယ်တိုင် လိုလို လားလား နဲ့ အမေအတွက် ကောင်းမယ့်လူဆိုတာ ကြိုသိလို့ သူတို့က ကြိုပြီးလက်ခံထားကြတယ်။ အစ်မက နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းနဲ့ သိလာတာပါ။ အဓိကကတော့ မိသားစုဘဝလေး မပျက်သွားဖို့ ပါပဲ။ အစ်မရဲ့ အရင်အမျိုးသားနဲ့ ကွဲပြီးတဲ့အ ချိန်မှာ ကပိုကရိုဖြစ်နေတဲ့ မိသားစုလေးက အခု အမျိုးသားနဲ့တွေ့မှ စုစုစည်းစည်းနဲ့ဖြစ်သွား တယ်။ အမျိုးသားဟောင်းလည်း အခင် အမင် မပျက်ဘဲ အစ်မရဲ့ မိဘတွေလည်း ရောက်နေ တော့ အားလုံးက မိသားစုလို ပါပဲ”လို့ သန္တာလှိုင်က ပြောပြပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071