Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeNewsLocal Newsချစ်လို့ပြောတယ်မှတ်ပါ...

ချစ်လို့ပြောတယ်မှတ်ပါ…

MMT2

MCBA – Myanmar Carreer Bridge Academy သင်တန်းကျောင်း၏ ပဲ့ကိုင်သူတစ်ဦးဖြစ်သော ဒေါ်မော်မော်ထွန်း၏ လူငယ်များအတွက် အကြံပြုချက်ကို တင်ဆက်လိုက်ပါသည်။

“ဘွဲ့လက်မှတ်ပါတယ်၊

ရခဲ့တဲ့ဘွဲ့အပြည့်အစုံမရေးတတ်ဘူး

ကျပ် ပြား မဖွဲ့တတ်ဘူး။

ဘယ်လိုလုပ် အလုပ်ခန့်ရမလဲ

ဦးနှောက်စားနေပြီ”

CV ပေါင်းများစွာ ဒီလိုတွေ ခပ်များများပါ။
တက္ကသိုလ်က ယူခဲ့တဲ့ ဘွဲ့ကိုတောင် ဖြစ်သလို ဖြည့်တာ အပြင်
ယူထားတဲ့ Diploma တွေမှာလည်းပဲ
Logistics & Supply Change* ဆိုတာမျိုး
Career ကို Carrier လို့ ပေါင်းထားတာမျိုး
Institude လို့ပေါင်းထားတာမျိုး
စသဖြင့် ပါ..
ပြောရရင် အများကြီးပါ..

ယနေ့ခေတ် အလုပ်ရှာကြတဲ့ ဘွဲ့ရလူငယ်များနဲ့ ပတ်သက်လို့ အားမလိုအားမရ ဖြစ်ရတာ အများသားပါ…

လူငယ်တွေ အားပေးတွဲခေါ်ဖို့ ဆိုရာမှာ မြှောက်ပင့်တွဲခေါ်တာထက်
တခါတရံလည်း အဝင်ခါးပေမယ့်
အမှန်အတိုင်း ထောက်ပြဖို့လည်း လိုအပ်ပါတယ်…
အမှန်ကို မြင်မှ ပြင်သင့်တာ ပြင်နိုင်ကြမှာပါ..

ယခုပို့စ်မှာ လူငယ်များအား နှိမ့်ချချိုးဖဲ့လိုစိတ်မရှိ
ဖတ်ရှုမိကြပြီး ကိုယ်မဖြစ်အောင် ဆင်ခြင်သတိပြုနိုင်ကြစေဖို့ပါ….

ကျွန်မတို့ ကျောင်းမှာ (MCBA) အခါအားလျော်စွာ လုပ်ပေးလေ့ရှိတဲ့ Career Choice နဲ့ Job Hunting ဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲလေးတွေမှာ အမြဲ ပြောရပါတယ်။

ယနေ့ခေတ် လူငယ်လေးတွေကို ပြောရင် အလွယ်ကူ အရိုးရှင်းဆုံးနဲ့ မြင်သာ
မှု အရှိဆုံး နမူနာလေးတွေ ကြံဆပြီး ပြောရပါတယ်…

CV ဆိုတာ ကုန်ပစ္စည်းအရောင်း လက်ကမ်းစာစောင်တွေလိုပါပဲလို့..
ဝယ်ချင်အောင် ရေးရပါတယ်…။
အလုပ်အကိုင် တစ်ခု ရရှိဖို့ ပထမဆုံး အဖြစ် (ပစ္စည်းကို လာရောက် ရွေးချယ်မြည်းစမ်းကြည့်ခြင်း မပြုခင် အကြောင်းသိဖို့ လက်ကမ်းစာစောင်လေးဝေရသလို) ကိုယ့် အရည်အသွေး၊ အရည်အချင်းတွေကို အင်တာဗျူးခန်းထဲမှာ လူတွေ့ မေးမြန်းစူးစမ်း မှု မပြုမီ ကိုယ့် CV ကို ဖတ်ပြီး ခေါ်တွေ့ချင်စိတ် ပေါက်သွားအောင် ရေးရမှာမို့ ဖြစ်သလို ဖြည့်စွက် ပြီး မပို့လိုက်သင့်ပါဘူး။

CV ပေါ်မှာ ကိုယ်တက်ရောက်ထားတဲ့ ကျောင်း၊ ရရှိထားတဲ့ Diploma တွေဖော်ပြထားပြီ ဆိုရင်တော့ အင်တာဗျူး အခေါ်ခံရတဲ့အခါ ဘာတွေမေးမှာလဲ မသိဘူး ဆိုပြီး ယောက်ယက်ခတ်မနေဘဲ တက်ထားတဲ့ သင်တန်းတွေနဲ့ ပတ်သက်လို့ ကိုယ်ဘာတွေသင်ယူရရှိခဲ့သလဲ။ ဘာတွေ အဓိက မှတ်သားခဲ့ရလဲ ဆိုတာကို ပြန်ပြင်ဆင်ထားဖို့ပါပဲ။ လိုအပ်ရင် စာအုပ်တွေ ပြန်ထုတ် ဖတ်ထားပါ။

တကယ်တမ်း Certificate တွေ Diploma စာရွက်တွေဆိုတာ CV နဲ့ တွဲတင်လိုက်တဲ့အခါ Interview အခေါ်ခံရဖို့ Chance များတယ် ဆိုပေမယ့် အလုပ်ရဖို့ အာမခံနိုင်တာ အဲသည် စက္ကူတွေမဟုတ်ပါဘူး။ အဲသည် သင်တန်းတွေမှာ သင်လိုက်တဲ့ ပညာရပ်တွေ ကိုယ့်ခေါင်းထဲ ဘယ်လောက် ကျန်ခဲ့သလဲ၊ လုပ်ငန်းခွင် အသုံးချ ချိတ်ဆက် တွေးခေါ်နိုင်မှု ဒါလေးတွေ မေးမြန်းခံရဖို့ ရာနှုန်းများပါတယ်။ ဒါလောက် တော့ ပြင်ဆင် လာဖို့လိုပါတယ်။

သင်တန်းတက်လာတဲ့ Diploma တွေအရ အတော်လေးတော့ စာတွေသင်ထားတာပဲ ဆိုပြီး အင်တာဗျူး ခေါ်ယူတွေ့ဆုံ ကြည့်လိုက်တဲ့ အခါ Diploma Original File ကို ဝံ့ကြွားစွာ ကိုင်လာခဲ့ပေမယ့် နည်းနည်းလောက် စာအကြာင်းမေးလိုက်တာနဲ့ ရယ်ဖြဲ ရယ်ဖြဲ နဲ့ ကျောင်းမှာတော့ သင်ခဲ့တာပဲ၊ စာတွေကတော့ မေ့ကုန်ပြီ။ ဟီးဟီး… ဟဲ ဟဲတွေဖြစ်ကုန်ပါရော။

အထူးသဖြင့် ကိုယ်လျှောက်ထားတဲ့ အလုပ်နဲ့ ဆက်စပ်တဲ့ သင်တန်းတွေ တက်ထားတယ် ဆိုရင်တော့ မေးခံရဖို့ များတာမို့ အင်တာဗျူးခန်းထဲကို မပြင်မဆင် ဝင်ရောက်တာမျိုးတွေကို အလွန်ပဲ အားမရ ဖြစ်ရတယ်။
အင်တာဗျူး ခန်းထဲ ဝင်လာတဲ့ ရည်ရွယ်ချက်ကိုက လစာ ဘ ယ်လောက်ရမလဲ၊ ခွင့်ရက် တွေက ဘယ်လို ပေးလဲ၊ ပိတ်ရက် ဘယ်နရက်လဲ၊ အလုပ်ချိန်က ဘယ်လောက်လဲ။ အိုဗာတိုင်ရှိမှာလား စတာတွေကို သိချင်စိတ် သက်သက်နဲ့ အလုပ်ကို ခေါင်းခေါက်ရွေးဖို့ စဉ်းစားထားရင် ကိုယ့်ကိုလည်း အလုပ်ရှင်က က ခေါင်းခေါက် ရွေးဦးမှာ ဆိုတာတွေကို မမေ့ကြဖို့ လိုပါတယ်…

အချို့ကတော့ ဒီပလိုမာ တစ်စောင်တိုးတိုင်း လစာ ၁သိန်း ၂သိန်းလောက် တိုးရမယ် အပိုင်တွက်တတ်ကြသေးတယ်။ ဒါတွေလည်း တက်ပြီးပြီ ဆိုတော့ လစာက တိုးပေးသင့်ပြီလေ။ ဒါပေမယ့် တိုးမပေးဘူး။ အဲဒါကြောင့် အလုပ်သစ်ရှာတာ ဆိုတာမျိုးပေါ့။ တက်ပြီးပြီ ဆိုတော့ ဘာတွေသိသွားသလဲ၊ လက်တွေ့ လုပ်ငန်းခွင် က Functions တွေနဲ့ ချိတ်ဆက် နားလည်သွားသလား၊ ဘယ်လိုဟာလေးတွေ အသုံးချကြည့်သလဲ ဆိုတာမျိုးလေးတွေကို ဆက်ပြီး တီးခေါက် မေးကြည့်ရင် လုံးဝ မရတော့ပြန်ဘူး။

သည်တော့ သင်တန်းတက်တာ လက်မှတ်ရဖို့ လစာတိုးဖို့ တက်တာလား၊ လုပ်ငန်းခွင်မှာ ဒီထက် ဒီထက် ပိုမို ကောင်းမွန် ပိုင်နိုင်စွာ အသုံးချ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည် တက်ဖို့ ဆိုတဲ့ရည်ရွယ်ချက် နဲ့ တက်ကြတာ မဟုတ်ရင် Certificate/Diploma ဟာ လစာတိုးဆေး မဟုတ်ပါ။

နောက်ထပ် အလွယ်ကူဆုံး ဥပမာ တစ်ခုနဲ့ ပြောပြရသေးတာက အလုပ်အင်တာဗျူး ဆိုတာ အရောင်းအဝယ် Deal တစ်ခု ဆိုတာ မမေ့ကြဖို့ပါ။

အလုပ်ရှင်ထံက အလုပ်လိုချင်တယ်။ အတွေ့အကြုံလိုချင်တယ်။ လစာလိုချင်တယ်။ အခွင့်အရေးတွေ လိုချင်တယ်။ (ဒါက ကိုယ့်ဘက်ကအတွေး)
သူ့ဘက်က ပြန်တွေးပါ။ ဟုတ်ပါပြီ ငါ့ကို သူက ဒီအလုပ် ပေးရမယ့် အကြောင်းတရား၊ အတွေ့အကြုံရအောင် သင်ပေးချင်မယ့် အကြောင်းတရား၊ လစာပေးချင်စိတ် ရှိမယ့် အကြောင်းတရား။
သူ့ဆီက ဒါတွေ လိုချင်ရင် ငါ့ဘက်က ဘာတွေ ပေးမှာလဲ ဆိုတာကြိုတွေးထားဖို့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ်ဘာတွေ တတ်ထားကြောင်း

ဥပမာ အားဖြင့် ” သမီးက ဘွဲ့ရပြီး အလုပ်မဝင်ရသေးပေမယ့် Computer သင်တန်း တက်ထားပါတယ်။ သေချာလည်း လေ့ကျင့်ထားတာကြောင့် အင်္ဂလိပ်/မြန်မာ စာစီစာရိုက် မြန်ပါတယ်။ အင်္ဂလိပ်စာသင်တန်းလည်း တက်ထားပါတယ်။ အကျွမ်းကျင်ကြီး မပြောတတ်ပေမယ့် အတော်အသင့် နားလည်ပြီး အထိုက်အလျှောက် ပြန်ပြောတတ်ပါတယ်။ လုပ်သက် မရှိသေးပေမယ့် HR Certificate သင်တန်းလေး တက်ထားတော့ စာတွေ့အားဖြင့် အနည်းအပါး တတ်ထားတာမို့ HR ဌာနက Senior တွေနဲ့သာ တွဲလုပ်ခွင့်ရရင် မကြာခင် ပဲ HR ကို ကျွမ်းကျွမ်းကျင်လာမယ် လို့ ထင်ပါတယ်။ လုပ်သက် နည်းနည်း ထပ်ရရင် ဒီထက် တာဝန်ကြီးတာမျိုးတွေလုပ်နိုင်အောင် Diploma သင်တန်း လည်း ထပ်တက်ဖို့ အစီအစဉ် ရှိပါတယ်”
လို့များ ဖြေရင်လေ… မခန့်ချင်ဘဲ မရှိကြလောက်ပါဘူး။

ကိုယ့်ဘက်က ပြင်ဆင်လာမှုက ဘွဲ့ကရထားတယ်။ ဘွဲ့နဲ့ ပတ်သက်တာလေး မေးလိုက်ရင် လည်း ဘာမှမဖြေနိုင်။
Computer သင်တန်းဆင်း လက်မှတ်တော့ရှိ။ စာစီစာရိုက် သိပ်မရ။
(Assistant အဖြစ် ခန့်ပြီးရင်တောင် ရုံးစာရိုက်ဖို့ လက်ထောက် တစ်ယောက် ထပ်ခန့်ပေးရတော့မလို)
မြန်မာလက်ကွက်က မရဘူး။ (တစ်သက်လုံး နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ဖို့ ရည်ရွယ်ထားတယ် ဆိုရင်တောင် အလုပ်ဝင်ကတည်းက မန်နေဂျာကြီး တန်းလုပ်မယ် ဆိုရင်တောင် Computer သုံးတတ်ဖို့ အင်္ဂလိပ်/မြန်မာ နှစ်မျိုးလုံး ပိုင်ပိုင် နိုင်နိုင် ရိုက်တတ်ဖို့ လိုပါတယ်……. ) ဖုန်းပေါ်မှာ လက်မ တစ်ချောင်း လက်ညိုးတစ်ချောင်းနဲ့ ရိုက်တတ်တာကိုလည်း တတ်တယ် ဖြေတာ ကြုံဖူးရဲ။
English ဆိုရင်လည်း Certificate ပြနိုင်ပေမယ့် အဆင်မပြေ တာတွေ အများကြီးပါ။

ဆိုတော့….
အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်…
တက်ကြွသွက်လက် လူငယ်တွေနဲ့ လက်တွဲပြီး….
လုပ်ငန်း ကြီးတွေ ချဲ့ထွင်ဖို့ အိပ်မက်တွေနဲ့ လုပ်ငန်းရှင်တွေ လည်း အများကြီးပါ….

ကိုယ့်ဘက်က ကောင်းကောင်းလေး ပြင်ဆင်ထားကြပြီး
အလုပ်တွေ လျှောက်ကြပါ လို့…
မရ မရှိစေရပါဘူး.. ရကြမှာပါ…

ငွေမရှိလို့ ဘာသင်တန်းမှ ထပ်မတက် ထားနိုင်ဘူး ဆိုရင်တောင် ကိုယ့်ရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှု နဲ့ ဗဟုသုတ ကြွယ်ဝမှု တွေရှိနေရင် လည်း ခန့်ကြဦးမှာပါပဲ… သည်တော့ ခေတ် နဲ့ မျက်ခြေမပြတ်အောင် နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး သတင်းလေးတွေလည်း ဖတ်ထားမှတ်ထား ကြဖို့ကောင်းပါတယ်။

စစချင်းမှာ အကောင်းဆုံး အလုပ် မရရင်တောင် ရတဲ့ အလုပ်မျာ အကောင်းဆုံးလုပ်ရင်း ကိုယ့်က အလုပ်တွေကို ခေါင်းခေါက်ရွေးရတဲ့ ဘဝရောက်အောင် ရသမျှ အခွင့်အရေးထဲကနေ အကောင်း ဆုံး လေ့ကျင့်ထားကြဖို့ပါပဲ….

ကိုယ့်ဘက်က အကောင်းဆုံးလုပ်ကြည့်ကြပါ..
အကောင်းဆုံးတွေ နဲ့ တွေ့ရမှာပါ…

ဒေါ်မော်မော်ထွန်း

သင်တန်းနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက…
MCBA- Myanmar Career Bridge Academy
A Bridge to your successful career…
သင်္ဃန်းကျွန်း မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ MCBA သင်တန်းကျောင်းမှာ စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြု ဒိပလိုမာ ဖြစ်တဲ့ abe-UK သင်တန်းများ တက်ရောက်နိုင်ကြပါပြီ……
အမှတ် ၃၇/F လေးထောင့်ကန်လမ်းမကြီး
သင်္ဃန်းကျွန်းဈေးကြီးရှေ့
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း 01 8 561 416, 099 77 90 66 40

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071