Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeNewsLocal Newsချင်းတွင်းမြစ်အတွင်း ဓာတုအဆိပ် မည်မျှပါဝင်နေသည်ကို...

ချင်းတွင်းမြစ်အတွင်း ဓာတုအဆိပ် မည်မျှပါဝင်နေသည်ကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ၄နှစ်ကြာ စမ်းသပ်တိုင်းတာမှုစတင်

အင်္ဂလန်နိုင်ငံ ကိမ်းဗရစ်ခ်ျတက္ကသိုလ်နှင့် အောက်စဖို့ တက္ကသိုလ် ၂ ခုနှင့် စိမ်းလန်းအမိ မြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ဘူမိဗေဒ ကြေကွဲမှုဖြစ်စဉ်ကြောင့် ချင်းတွင်းမြစ်အတွင်း ဓာတုအဆိပ်မည်မျှ ပါဝင်နေသည်ကို စမ်းသပ်စစ်ဆေးမှုများကို(၄)နှစ်တာ ဆောင်ရွက်မည့် အစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း စိမ်း လန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးဝင်းမျိုးသူ ထံမှသိရသည်။

”အင်္ဂလန်နိုင်ငံတက္ကသိုလ်၂ခုက ဟိမဝန္တာ တောင်တန်းတွေမှာ ဖြစ်တဲ့ ဘူမိဗေဒဖြစ်စဉ်တွေလူတွေကြောင့်ဖြစ်စဉ် သဘာဝဖြစ်စဉ်စတဲ့ ဘူမိဗေဒ ကြေမွမှုဖြစ်စဉ်တွေက ဘယ်လောက်ထိ ဓာတုအဆိပ်တွေ အနေနဲ့ လူတွေသုံးနေတဲ့ မြစ်တွေချောင်းတွေထဲ ပါဝင်နေပြီလဲဆိုတာ ကိုစမ်းသပ်မှာပါ။ ကိမ်းဗရစ် ယူနီဗာစီတီကတော့ ဒါကိုကြည့်ပြီးတော့ ရာသီဥတုပြောင်းလဲတာနဲ့ ဆက်စပ်ပြီး ဘူမိဗေဒဖြစ်စဉ်ကို သုံးသပ် ဆွေးနွေးမှာ ဖြစ်သလိုအောက်စဖို့ဒ် ယူနီဗာစီတီကတော့ လက်ရှိအနေ အထားမှာ မြစ်တွေထဲမှာဘယ် လောက်အထိလူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုအဆိပ်တွေ ရှိနေပြီလဲဆိုတာကို ဖော်ထုတ်ဖို့ဖြစ်ပါ တယ်” ဟုပြောပြသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် ဓါတ်ခွဲ ခန်းရှိသည့်အတွက် ယူနီဗာစတီ၂ခုက လုပ်မည့် အလုပ်ကိုပူးပေါင်း ပါဝင်ဆောင်ရွက်မည် ဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ချိတ်ဆက်ထားသောအရပ်ဖက် အဖွဲ့အစည်းများနှင့် ၄နှစ်လုံးလုံး မြစ်ရေအခြေအနေကို စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစီအစဉ်အနေဖြင့် သတ်မှတ်ထားသည့် နေရာတွင် ၃လတစ်ကြိမ် ရေနမူနာကို ကောက်ယူမည်ဖြစ်ပြီး ကောက်ပြီးလျှင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ရေးရာ ဓါတ်ခွဲခန်းတွင် စမ်းမည်ဖြစ်သည်။ ဥပမာ ဟုမ္မလင်းအောက်ရေနှင့် ဟုမ္မလင်း အထက်ရေအဖြစ် ပုံမှန်သတ်မှတ်ထားသည့်နေရာတွင် ရေနမုနာကို ကောက်ယူပြီး ဓါတ်ခွဲခန်းတွင် စစ်ဆေးမည်ဖြစ်သလို အောက်စဖို့ဒ် ယူနီဗာစတီကိုလည်း ပေးပို့စမ်းသပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

”အဓိက ကျွန်တော်တို့ သိချင်တဲ့အချက်ကမြစ်တွေရဲ့ ညစ် ညမ်းမှုကိုသာမက ကျွန်တော်တို့ဓါတ်ခွဲခန်းကလည်း ဘယ်လောက်ထိ စံချိန်မီစမ်းသပ် နိုင်တယ်ဆိုတာကို အောက်စဖို့ဒ် ယူနီဗာစတီက ရလာဒ်တွေကို နှိုင်းယှဉ်ပြီးတော့ အခြေအနေကို မြှင့်တင်သွားဖို့ပါ။ လက်ရှိ အခြေအနေအရ ပတ်ဝန်းကျင် ရေးရာပြဿနာ တက်နေ ချိန်မှာ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ဓါတ်ခွဲခန်းတွေကရော ဘယ် လောက်ယုံကြည်ရလဲဆိုတဲ့ မေးခွန်းကရှိလာတဲ့အတွက်ပါ”ဟု ဦးဝင်း မျိုးသူက ရှင်းပြသည်။

ထို့အပြင် အချို့နေရာများတွင် ပတ်ဝန်းကျင်အရ အရေးကြီးသည့် နေရာများတွင်လည်း တိုင်းတာရန်ရှိပြီး သဘာဝဘူမိ ဖြစ်စဉ်အရ ကြေမွဖြစ်စဉ်အရ ထွက်လာသည့်အာဆင်း နစ်ဟု ခေါ်သော စိန်ဓါတ်ပြဿနာသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ ဦးနှောက်ပိုင်းဆိုင်ရာ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိရာ အာဆင်းနစ်သည် မြန်မာပြည်မှ ထွက်သည့်စပါးများတွင် အာဆင်းနစ် များတွေ့သည်ဆိုပြီး ပြည်ပက ငြင်းပယ်ခြင်းများ ရှိလာကြောင်း သိရသည်။ စပါးစိုက်သည့်ရေမှတစ်ဆင့် စပါးထဲသို့ရောက်သွားပြီး သီးလာ သည့်စပါးမှာ အာဆင်းနစ်ပါလာခြင်းဖြစ်ရာ နိုင်ငံ၏ကျန်းမာရေးကဏ္ဍ ပို့ကုန်ကဏ္ဍကိုပါ ပြဿနာ ရှိလာနေသောကြောင့် အာဆင်းနစ် အနေ အထားကို လေ့လာရာတွင် စမ်းသပ်စစ် ဆေးခြင်းမှာ အရေးပါသည့် အတွက် စပါးလည်း ဓာတ်ခွဲ ဆန်းစစ်ရန် စီစဉ်နေကြောင်း သိရသည်။

”စစ်ကိုင်းတိုင်းမှာ အကြီးဆုံးဖြစ်တဲ့ သဖန်းဆိပ်ထဲကိုဝင်တဲ့ ချောင်းတွေထဲမှာ ဘယ်လောက် အာဆင်းနစ်တွေရှိနေပြီလဲ ဆိုတာရယ် သဖန်းဆိပ်က ထွက်သွားတဲ့ရေမှာရော အာဆင်းနစ်လယ်ဗယ် ဘယ် လောက်ရှိလဲ ဆိုတာကို ကောက်ယူစစ်ဆေးဖို့ စဉ်းစားနေပါတယ်။ သတ် မှတ်တဲ့နေရာမှာ အချိန်မှန်အ မှန်တကယ်တိုင်းတာဖို့တော့ လိုပါတယ်။ အမှန်တကယ် သစ္စာရှိရှိပူးပေါင်းဆောင်ရွက်မယ့် သူတော့လိုပါတယ်။ လေ့ကျင့်ထားတဲ့ လူနဲ့လုပ်မှအဆင်ပြေမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ဓာတုအဆိပ်တွေ ရေတွေ ပါနေပြီလဲဆိုတာ ကိုသိပ္ပံနည်းကျ စမ်း သပ်ဖို့လိုတဲ့အတွက် မကြာခင် မူးမြစ်ဝှမ်းဒေသဖြစ်တဲ့ သဖန်းဆိပ်ဒေသကို ဦးတည်ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု ဦးဝင်းမျိုးသူက ဖြည့်စွက် ပြောကြားသည်။

လှိုင်ဝင်းကို(မုံရွာ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071