ကျွန် တော်၏အမည်မှာ မောင်နေမျိုးဖြစ်ပါ တယ်။ ကျွန်တော့်တွင် ခဲတံတစ်ချောင်း ရှိပါသည်။ ကျွန်တော်သည် ခဲတံဖြင့် ဗလာ စာအုပ်ထဲတွင် စာများရေးပါသည်။ ကျွန်တော် သည် မူလတန်းကျောင်းတွင် တက်ရောက်ပညာ သင် ယူနေသော ကျောင်းသား တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် အတန်းထဲတွင် စာသင်ခုံ၌ထိုင်၍ စာများရေးရပါသည်။ ထိုအခါတွင် ခဲတံကို အသုံးပြု ရပါသည်။ ကျွန်တော့်တွင် ခဲတံတစ်ချောင်းရှိပါ သည်။ ကျွန်တော်၏ သူငယ်ချင်းများတွင်လည်း ခဲတံ များရှိကြပါသည်။ ကျွန်တော်၏ ခဲတံသည် ထိပ်ဖျား တွင် ချွန်၍ အရင်းတွင်ခဲဖျက်ရှိပါသည်။ ကျွန်တော် သည် စာရေးရင်း မှား သွားလျှင် ခဲတံအရင်းတွင် ရှိသော ခဲဖျက်နှင့် ဖျက်ပါသည်။ ခဲဖျက်ကို အသုံး ပြုရာများသွား၍ ခဲဖျက်ကုန်သွားလျှင် ကျွန်တော်သည် ခဲဖျက်ကိုက်၍ ထွက်လာသော ခဲဖျက်သားဖြင့် မှား ယွင်းနေတော စာများကို ဖျက်ပါသည်။ ကျွန်တော်က သွားဖြင့် ကိုက်ထားသဖြင့် ခဲဖျက်သတ္တုကွပ်နေရာ ကလေးမှာ ချိုင့်၍နေပါသည်။ ခဲဖျက်ကုန်သွားလျှင် ကျွန်တော်တို့သည် ခဲတံအရင်း၌ သားရေပင်ကို ရစ်ပတ် ချည်နှောင်ကာ ထိုသားရေပင်များကို ခဲဖျက်အဖြစ် အသုံးပြုကြပါသည်။ သားရေပင်ကို ခဲဖျက်အဖြစ် အသုံးပြု၍ရကြောင်းကို ကျွန်တော်တို့ မူလတန်းကျောင်း သားများသိကြပါသည်။ ကျွန်တော်၏ ခဲတံမှာ တစ်ဖက်ချွန်ထားပါသည်။ ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်သည် သူ၏ခဲတံကို နှစ်ဖက်ချွန်ထား ပါသည်။ သူ၏ခဲတံမှာ ရှည်ပါသည်။ အတန်းထဲ၌ သူငယ်ချင်းတစ်ယောက် ခဲတံကုန်သွားသောအခါ သူသည် သူ၏ခဲတံကို အလယ်မှထက်ပိုင်းချိုး၍ ထိုသူငယ်ချင်းကို ပေးပါသည်။
ထိုအခါ နှစ်ဖက် ချွန်ထားသော ခဲတံသည် ရေးရန်အသင့်ဖြစ်နေသော ခဲတံနှစ်ချောင်း ဖြစ် သွားပါသည်။ ကျွန်တော်၏ သူငယ်ချင်း တစ်ယောက် မှာ သူ၏ခဲတံက တိုတိုက လေးဖြစ်သွားသောအခါ ပိုက်တစ်ခုတွင် စွပ်၍ ရေးပါသည်။ ကျွန်တော်ထက်ပိုင်း ချိုးပေး လိုက်သော နှစ်ဖက်ချွန်ခဲတံမှ ရေးရန် အသင့်ဖြစ်နေသော ခဲတံနှစ်ချောင်းဖြစ်သွားပုံကို မှတ်မိပါသည်။ သူငယ်ချင်းတစ်ယောက်သည် ခဲတံ တိုတိုကလေးကို မရရအောင်ကိုင်၍ စာရေးနေပါ သည်။ သူ၏လက်ရေးသည်မလှပါ။ သူ့ကိုကျွန်တော် က မင်းခဲတံကို ပိုက် စွပ်ပြီးရေးပါလားဟု ပြောပါသည်။ ခဲတံတစ်ချောင်းသည် စာအများကြီး ရေး၍ရပါသည်။ ခဲတံတစ်ချောင်းသည် ဂဏာန်းသင်္ချာ အများ ကြီးရေး ၍ ရပါသည်။ ခဲတံ တစ်ချောင်းသည် ရုပ်ပုံအများကြီး ဆွဲ၍ ရပါသည်။ ကျွန်တော်သည် ခဲတံဖြင့် လေ့ကျင့် ခန်းစာအုပ်တွင် ကျွန်တော်၏အမည်ကို ရေးထား ပါသည်။ ကျွန်တော်၏ အမည်မှာ မောင်နေမျိုးဖြစ် ပါသည်။ ကျွန်တော်သည် မြောက်သစ်ရွာ၊ ဦးကံလှ မူလတန်းကျောင်းမှ တတိယတန်း၌ ပညာသင်ယူနေ သော ကျောင်းသား တစ်ဦးဖြစ်ပါသည်။
နေမျိုး