သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ သို့ Nice Food Myanmar မိသားစုမှ ငွေကျပ်ဆယ်သိန်းနှင့်မုန့်မျိုးစုံတို့ကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။
ခိုင်နှင်းဝေရင်သွေးလေးများဂေဟာရဲ့ ဥက္ကဌဖြစ်သူ သရုပ်ဆောင်ခိုင်နှင်းဝေမှ အလှူကိုလက်ခံရယူပီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ပါတယ်။ခိုင်နှင်းဝေရင်သွေးလေးများပရဟိတဂေဟာတွင် အနယ်နယ်အရပ်ရပ်မှ မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံကလေးများ အားခေါ်ယူစောင့်ရှောက်ထားပီး ဂေဟာတွင် ကလေး ၇၀ နီးပါးရှိသည်ဟုသိရသည်။






