Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeNewsLocal Newsခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး

(၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ အပါ အဝင် ခရီးသွားလုပ်ငန်းဆိုင်ရာသတင်းအချက်များ၊ မူဝါဒများနှင့် မဟာဗျူဟာများ အပြန်အလှန် ဖလှယ်ခြင်း၊ ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စီမံကိန်း ၂၀၂၆-၂၀၂၇ ရေးဆွဲညှိနှိုင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုပြင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးနိုင်မည့်အခြေအနေများအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက် ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အဆိုပြု ရှေ့လုပ်ငန်းစဉ်များနှင့် အဆိုပါပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုနောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် အစားအစာပြပွဲနှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ခဲ့ပြီး
ကမ္ဘာဒီးယားနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Mr. HOUT Hak ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. Suanesavanh Vignaket ၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး Ms. Tran Thi Phuong နှင့် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အစိုးရ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် အထင်ကရ အစားအစာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါအစားအစားပြပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းများမှ မြန်မာ့အစားအစာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပါဝင်ပြသခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071