ဖိလစ်ပိုင်နိုင်ငံ Cordillera ဒေသတွင် Panagbenga Festival 2023 ပန်းအလှပြပွဲပြိုင်ပွဲကို ယနေ့တနင်္ဂနွေနေ့ တွင်ပြုလုပ်ခဲ့သည်။ Cordillera ၏ထူးခြားသောအမွေအနှစ်ပွဲသို့ခန့်မှန်းခြေ လူ ၅၀,၀၀၀ ခန့်လာရောက်ဆင်နွဲခဲ့ကြသည်။
Cordillera ဒေသ၏အလှတရားနှင့် ကြွယ်ဝမှုကို ဂုဏ်ပြုသောအားဖြင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် မြို့ကိုတစ်ဖန်ပြန်လည်နိုးကြားလာအောင်လုပ်ရင်းရိုးရာအကအဖွဲ့များပါ ဖျော်ဖြေခဲ့ကြသည်။လတ်ဆတ်သောပန်းထောင်ပေါင်းများစွာကိုပြသသည့်ပန်းအလှပြယာဥ်များဖြင့် ခရီးသွားများကို ဆွဲဆောင်ခြင်းဖြစ်သည်။
ပျော်ရွှင်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ညွှန်းသည့် အဆိုပါအလှပြယာဥ်များကို ဒေသခံ လက်မှုပညာရှင်များက ဂရုတစိုက်ဖန်တီးထားခြင်း ဖြစ်သည်။
လျင်မြန်စွာပြောင်းလဲနေသောကမ္ဘာကြီးအလယ်တွင်၊ထို ဒေသမှလူများသည် ရိုးရှင်းသောဘဝ၏ပျော်ရွှင်မှုများနှင့်ကျေနပ်ပျော်ရွှင်နေကြသည်။
အလှပြယာဥ်ငယ် ကိုးဖွဲ့နှင့် ပုဂ္ဂလိကကုမ္ပဏီများပါဝင်သည့်အကြီးစား အလှပြယာဥ် ရှစ်ဖွဲ့တို့ ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။
ဆုရရှိသူများကို မတ်လ ၁ ရက်နေ့တွင် ကြေငြာပေးမည်ဖြစ်သည်။
pna.gov.ph







