ဧရာဝတီတိုင်း၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ပုသိမ်လေဆိပ်အားအဆင့်မြှင့်တင်လျက်ရှိရာ မြန်မာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုသိမ်လေဆိပ်အဆင့်မြှင့်တက်နေမှုကို ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ယာယီသမ္မတအားရှင်းလင်းတင်ပြရာ ယာ ယီသမ္မတမှ ပုသိမ်လေယာဉ်ကွင်းအား ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက်အဆင့်မြှင့်တင်ခြင်းဖြစ်၍ လုပ် ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့်သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာယီသမ္မတသည် ပုသိမ်မြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)တည် ဆောက်နေမှု၊ ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေ ကူးကန်(ပုသိမ်)တည်ဆောက်ပြီးစီးနေမှုနှင့် ရေကူးကန်အတွင်းအခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းသား၊ သင် တန်းသူများရေကူးလေ့ကျင့်နေမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယာယီသမ္မတသည် အားကစားကဏ္ဍနှင့်ပတ်သက်၍ တိုင်းနှင့်ပြည်နယ်များအလိုက် အားစကားကွင်းများကို အဆင့်မြှင့်တင်ပေးနေသကဲ့သို့ အဆင်မီရေကူးကန်များကိုလည်း တည်ဆောက်ပေးလျက်ရှိရာ အားကစားပြိုင်ပွဲများကျင်းပချိန်တွင် ပွဲကြည့်ပရိသတ်များရှိရန် လိုကာ နည်းပြများပြည့်စုံစွာရှိရန်လည်းလိုအပ်သဖြင့် အားကစားတိုးတက်ရေးအတွက် ကြံ့ခိုင်ရေးနည်းပြနှင့် နည်းစနစ်နည်းပြများထားရှိပြီး အားကစားကဏ္ဍတိုး တက်အောင်ဆောင်ရွက်ရန်လည်းမှာကြားထားကြောင်း သိရသည်။
