Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeCelebrities' Newsခရီးသွားမြှင့်တင်ရေးအတွက် ၈ရက်ကြာ ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့...

ခရီးသွားမြှင့်တင်ရေးအတွက် ၈ရက်ကြာ ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ နန်းခင်ဇေယျာ

Nan-Khin-Zayar

အလှမယ်နန်းခင်ဇေယျာက ဒီနှစ်အာဇာနည်နေ့မှာလည်း နာရေးကူညီမှုအသင်း ရန်ကုန်နဲ့အတူ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အမှိုက်ကောက်ခဲ့တဲ့ အပြင် ကြက်ခြေနီအသင်းနဲ့အတူလည်း ဓာတ်ဆားရေ ဝေငှခဲ့တယ်လို့ သိရပါတယ်။ နန်းခင်ဇေ ယျာအနေ နဲ့ ဒီလိုပါဝင်အားဖြည့်တာ လေးနှစ်ရှိပြီဖြစ်ပြီး ဒီနှစ်အာဇာနည်နေ့မှာ အရင်က နဲ့မတူ တွေ့ရှိရတဲ့ ထူးခြားမှုတွေနဲ့ ပတ်သက်ပြီး …

“အရင်ကဆို နန်းခင်တို့က အမှိုက်ကောက်ရင်း တစ်နေရာနဲ့ တစ်နေရာသွားရ တာ တအားပိတ်တယ်။ အခုဆို လူတွေက အမှိုက်ကို စည်းမဲ့ကမ်းမဲ့ မပစ်တော့ဘူး။ အမှိုက်ပစ်ဖို့ ရှက်တဲ့ပုံစံလေးတွေ တွေ့ရတယ်။ အမှိုက်တွေလည်း အများကြီး မတွေ့ရ ဘူး။ ဒီနှစ်မှာတော့ အရင်နှစ်တွေကထက် လူတွေလည်း ကြိတ်ကြိတ်တိုးပါပဲ။ နန်းခင် တို့က နာရေးကူညီမှုအသင်းနဲ့ အတူတူ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ဗိုလ်ချုပ်အိမ်အထိ အမှိုက်ကောက်ကြတယ်။ လူတွေများတော့ နည်း နည်းတော့တိုးရတယ်။ ဗိုလ်ချုပ်ကိုလည်း နန်းခင်တို့ ဂါရဝပြုခဲ့ကြ တယ်။ နောက်ပြီးလာရောက်ဂါရဝပြုကြတဲ့ အသက်ကြီးသူတွေ၊ ကလေးငယ်လေးတွေ အတွက်လည်း ဓာတ်ဆားရေတွေ ဝေ ပေးတယ်။ လူများလို့ မူးမော်တဲ့ ပြည်သူတွေကိုလည်း ဝိုင်းဝန်း ပြီးပြုစုဖြစ်ကြပါသည်” လို့ နန်းခင်ဇေယျာက ပြောပြပါတယ်။

ဒီလိုပရဟိတလုပ်ငန်းတွေမှာ စိတ်အားထက်သန်စွာ ပါဝင်လေ့ရှိတဲ့ နန်းခင်ဇေယျာရဲ့ ပရဟိတအပေါ် ထားရှိတဲ့ စိတ်ထားကို မေးမြန်းတော့ “ဒီလိုလေးတွေ ကူညီဖြစ်တာက လူတိုင်းကို အဆင်ပြေစေချင်တယ်။ ကိုယ်ကူညီလို့ တချို့တစ်ဝက် သော နေရာတွေမှာ အဆင်ပြေရင်လည်း နန်းခင်ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ပြောပြပါတယ်။

နန်းခင်ဇေယျာက လတ်တလောမှာတော့ ခရီးသွားမြှင့်တင်ရေး အတွက် တောင်ကြီး၊ ကလော၊ ပင် တယနဲ့ အင်းလေးဒေသတွေမှာ ၈ရက်ကြာ ခရီးသွားအစီအစဉ်လေး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ လေ့လာ ရိုက်ကူးခဲ့ တဲ့ အကြောင်းအရာတွေ အကြောင်းကို “နန်းခင်က ဒေသခံတစ်ယောက်အနေ နဲ့ ပါဝင်ထားပါတယ်။ သူငယ်ချင်းတစ်ယောက်ကို သူသွားချင်တဲ့ နေရာတွေ လိုက်ပို့တယ်။ လက်ဖက်လုပ်ငန်း၊ အိတ်လုပ်ငန်း၊ ဆေးလိပ်လုပ်ငန်းတို့ကို သွား လည်ပြီး ဒေသထွက်ပစ္စည်းတွေ၊ စားစရာတွေ၊ ဘယ်လိုလုပ်ကြလဲ၊ ဘယ်လို ထုတ်ကြလဲဆိုတာတွေ ကို လည်ပတ်ရင်း ရိုက်ကူးထားပါတယ်။ ဒီအစီအစဉ်လေး ကိုလည်း ရုပ်သံလိုင်းမှာ ပြသသွားမှာပါ”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071