ခင်ဝင့်ဝါက Let’s Goခရီးသွား ပရိုဂရမ်နဲ့ အတူ တရုတ် ပြည်ကို ဧည့်သည်အနုပညာရှင်အဖြစ် လိုက်ပါသွားမှာဖြစ်ပါတယ်။ ဒီတ ရုတ်ပြည် ခရီး စဉ်ကသူမအတွက် ပထမဆုံး ပါလို့ ပြောတဲ့ ခင်ဝင့်ဝါက ဒီခရီးစဉ် အတွက်တော့ ဆေးဝါး တွေက အစသေချာ ဂရုတစိုက် ပြင်ဆင်သွား တယ်လို့ပြောပါတယ်။
“ရိုက်ကူးရေး လည်းပါတော့ အဝတ် အစားပိုင်းကိုလည် သေချာ ပြင်ဆင်သွားတယ်။ခရီးစဉ်ကတော့ သူငယ်ချင်းတွေနဲ့ အတူ သွားကြမှာဆိုတော့ ပျော်ပါတယ်။ ဆေးဝါးတွေကအစ၊ အစား အသောက်တွေကအစ ပြင် ဆင်ပါ တယ်။ ဒါက တရုတ် ပြည်ကို ပထမဆုံးပါ။ဟို မှာတော့ အလည် အပတ် နဲ့ Shopping ပေါ့။ ရိုက်ကူးရေးလည်း လုပ်ရင်းနဲ့ ခရီးသွား ရတာဆိုတော့ ပျော် ပါတယ်” လို့ ပြော ပါတယ်။
“ခရီး သွား ခြင်းက လူတစ် ယောက် အ တွက် စိတ် အပန်း ပြေမှု ဖြစ် စေပြီး စိတ်ကို Relax လုပ်ဖို့ အတွက်ဆိုရင် တော့ ခရီးသွားခြင်း က အကောင်း ဆုံးပါ” လို့လည်း ပြောတဲ့ ခင် ဝင့်ဝါက အ ရင်ကလည်း Let’s Go ပရို ဂရမ် ကို ကြည့် ဖြစ် ပြီး အခုလို ကိုယ်တိုင် ပါ ဝင်ရမှာဖြစ်တဲ့ အ တွက် စိတ်လှုပ်ရှားမိ တယ်လို့လည်းဆိုပါတယ်။
“အရင်ကလည်း သူတို့တွေ သွားတာကို ကြည့်ဖြစ်တယ်။အခု ကိုယ်တိုင်ပါဝင်ရမယ်ဆိုတော့ စိတ် လှုပ်ရှားမိပါတယ်။ ပရိသတ် တွေ ကိုလည်း ကိုယ်ကပြန်လည် မျှဝေ ရမယ်ဆိုတော့ ပျော်ပါတယ်။ ရင်လည်းခုန်တယ်” လို့ ခင်ဝင့်ဝါ က ပြောပါတယ်။
ခင်ဝင့်ဝါက လတ်တလော မှာ တော့ ဇေရဲထက်နဲ့ အတူ ဇာတ် ကား ရိုက်ကူးလျက်ရှိပြီး ဒီနှစ် နှစ်သစ် ကူးမှာတော့ အထွေအထူး အစီအစဉ် မရှိဘူးလို့လည်း ပြောပါတယ်။
P-054
ဓာတ်ပုံ-အောင်ဇော်မင်း