Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalခရိုင်းမီးယားတွင် ဒရုန်းအစင်း ၂၀...

ခရိုင်းမီးယားတွင် ဒရုန်းအစင်း ၂၀ ကို ရုရှား ပစ်ချ၊ အသေအပျောက် မရှိဟုဆို

ခရိုင်းမီးယားတွင် ယူကရိန်းဒရုန်းအစင်း ၂၀ ကို ပစ်ချခဲ့ပြီး ခရိုင်းမီးယားနှင့် ရုရှားပြည်မကြီးကို ဆက်သွယ်ပေးသည့် Kerch တံတားပေါ်တွင် ဒုံးကျည်နှစ်စင်းဖြင့်ပစ်ခတ်မှုကိုလည်း ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ကြေညာခဲ့ပြီး၊ အဆိုပါ ဖြစ်စဉ်များအတွင်း ထိခိုက်သေဆုံးမှုမရှိကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် The Hill သတင်းဌာနမှ သိရသည်။

မောင်းသူမဲ့လေယာဉ် ၁၄ စင်းကို ပစ်ချစဉ်တွင်၊ ၎င်းတို့အနက် ခြောက်စင်းကိုမူ ပိတ်ဆို့ခြင်းနည်းပညာများဖြင့် ဟန့်တားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သောကြာနေ့က တိုက်ပွဲများတွင်လည်း ယူကရိန်းဒရုန်း ၂၉ စင်းကို ပစ်ချခဲ့သေးကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

စနေနေ့ နံနက်ပိုင်းက တိုက်ပွဲများအတွင်း ရုရှားတပ်ဖွဲ့များသည် Kupyansk အနီးရှိ ယူကရိန်း စခန်းကိုးခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းကိုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မော်စကိုဒေသအား ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ခရိုင်းမီးယား ဒရုန်းတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူကရိန်း၏ တိုက်ခိုက်မှုများသည် စစ်ရေးရည်ရွယ်ချက်အနည်းငယ်သာရှိပြီး၊ စစ်ပွဲကိုဆန့်ကျင်သည့် ရုရှားလူထုအကြား မငြိမ်မသက်ဖြစ်စေရန် ကြိုးပမ်းမှုသာလျှင် ဖြစ်ကြောင်း စစ်ရေးသုတေသီတို့က သုံးသပ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071