Tuesday, December 3, 2024

နိုဝင်ဘာလအတွင်း ဂေါ်ရင်ဂျီကျွန်းသို့ ပြည်တွင်း ခရီးသွားဧည့်သည်(၁,၂၀၀)ကျော်...

ဧရာဝတီတိုင်း ဒေသကြီးရှိ ဂေါ်ရင်ဂျီကျွန်းသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်း ခရီးသွားဧည့်သည် (၁,၂၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ ပြောကြားချက်အရ...

ထရမ့်ပ်က ခမည်းခမက်ကို အကြီးတန်းအကြံပေးခန့်

ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်သည် အာရပ်နှင့် အရှေ့အလယ်ပိုင်းရေးရာအကြီးတန်းအကြံပေးအဖြစ် ၎င်း၏သမီး တစ်ဖ်နီ၏ယောက္ခမဖြစ်သော လက်ဘနွန်အမေရိကန်စီးပွားရေးသမား မာဆက်ဒ်ဘူလို ကိုခန့်အပ်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ဂါဇာနှင့်လက်ဘနွန်၌ အစ္စရေး၏ထိုးစစ်အတွက် ပံ့ပိုးကူညီပေးနေသည့် ဒီမိုကရက်တစ်သမ္မတဘိုင်ဒင်ကို...

ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို...

ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ...

ဒီဇင်ဘာလအတွက် ရန်ကုန်အထိုင် မြေဩဇာဈေးများသတ်မှတ်ထုတ်ပြန်

ယခု ဒီဇင်ဘာလအတွက် တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုး၏ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထုတ်ပြန်ထားသည်။ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး...
HomeNewsLocal Newsခရစ်ပ်တို ​ငွေ​ကြေး ကြောင့်ဖြစ်လာနိုင်သည့်...

ခရစ်ပ်တို ​ငွေ​ကြေး ကြောင့်ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန် ငွေကြေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွားနိုင်သည့် အစီအစဉ်များအားဆွေးနွေး

ခရစ်ပ်တို ​ငွေ​ကြေး ကြောင့်ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန် ငွေကြေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွားနိုင်သည့် အစီအစဉ်များအားဆွေးနွေး

SEACEN High-Level Seminar and Meeting for Deputy Governors (Financial Stability and Supervision) အား သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ တက်ရောက် ဆွေးနွေးခဲ့သည်။

ထွန်းသစ်စဈေးကွက်စီးပွားရေးတွင် Sovereign Debt နှင့်ငွေရေးကြေးရေးတည် ငြိမ်မှု၊ Central Bank Digital Currencies (CBDCs)၏ စိန်ခေါ်မှုများနှင့် ကာ​ရေဘီယန်း နိုင်ငံများ၏ ဒီဂျစ်တယ်​ငွေ​ကြေး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမှသင်ခန်းစာများအား ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် အာဆီယံနိုင်ငံများ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများ၊ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆောင်ရွက်ရာတွင်ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် စိန်ခေါ်မှုများ၊ Big Techs၊ Fin Techs များဆိုင်ရာအကျိုး ကျေးဇူးများနှင့်ဆုံးရှုံးနိုင်ခြေများကိုလည်း ဆွေး နွေးခဲ့ကြသည်။

အလားတူ ကမ္ဘာ့မက်ခရိုပုံစံသစ် အရ ကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်း၊ငွေကြေးဖောင်းပွမှုများ မြင့်တက်နေခြင်း၊ရာသီဥတုပြောင်းလဲနေခြင်း၊သဘာဝဘေးအန္တရာယ်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ကမ္ဘာ့ပထဝီနိုင်ငံ​ရေး အခြေအနေများကြောင့် ငွေကြေးစနစ်တည်ငြိမ်ရေးအတွက် မူဝါဒချမှတ်သူများသည် နိုင်ငံပိုင်ဘဏ်များအတွက် ထိရောက်သည့် စည်းမျဉ်းစည်းကမ်းများ၊ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာများအား တိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။

ထို့အတူနည်းလမ်းမျိုးစုံကိုထည့်သွင်းစဉ်းစား၍ ဘဏ်များအား Stress Testing Exercises များဆောင်ရွက်ပြီး အားကောင်းခိုင်မာသည့် ဘဏ်လုပ်ငန်းအကျပ်အတည်း စီမံခန့်ခွဲမှု မူဘောင်များ ဆောင်ရွက်ရန်လိုအပ်ကာ ​ငွေ​ကြေးမူဝါဒ နှင့် ဘဏ္ဍာ​ရေးမူဝါဒ များ အပြန်အလှန်ချိတ်ဆက်၍ ဆောင်ရွက်ရန်လိုအပ်သည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ခရစ်ပ်တို​ငွေ ကြောင့် ငွေကြေး ကဏ္ဍတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများနှင့်၄င်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန် ငွေရေးကြေးရေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွားနိုင်သည့် အစီအ စဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ရာသီဥတုပြောင်းလဲ/ဖောက်ပြန်ခြင်းကြောင့် ငွေရေးကြေးရေးကဏ္ဍတွင် ဆုံးရှုံးနိုင်သည့်အခြေအနေများကို ကာကွယ်ရန်အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။

Photo Credit : Aiman Erbad

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုဝင်ဘာလအတွင်း ဂေါ်ရင်ဂျီကျွန်းသို့ ပြည်တွင်း ခရီးသွားဧည့်သည်(၁,၂၀၀)ကျော် ဝင်ရောက်ခဲ့

ဧရာဝတီတိုင်း ဒေသကြီးရှိ ဂေါ်ရင်ဂျီကျွန်းသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်း ခရီးသွားဧည့်သည် (၁,၂၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ ကျွန်းသို့ ရန်ကုန်၊ နေပြည်တော်ရှိ ခရီးသွားများမှ လာရောက်လည်ပတ်ကြသလို အနီးအနားရှိ မြို့နယ်များမှလည်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။ ခရီးသွားများ ညအိပ်တည်းခိုနိုင်ရန်အတွက် တည်းခိုခန်း (၆) လုံး၊ ဘန်ဂလို (၅) လုံး၊ ဟိုတယ် (၁) လုံးဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ငရုတ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၊ ကြွေချိုင်ကမ်းခြေ၊ နံသာပုကမ်းခြေ၊ စပါးထား ကမ်းခြေသို့...

ထရမ့်ပ်က ခမည်းခမက်ကို အကြီးတန်းအကြံပေးခန့်

ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်သည် အာရပ်နှင့် အရှေ့အလယ်ပိုင်းရေးရာအကြီးတန်းအကြံပေးအဖြစ် ၎င်း၏သမီး တစ်ဖ်နီ၏ယောက္ခမဖြစ်သော လက်ဘနွန်အမေရိကန်စီးပွားရေးသမား မာဆက်ဒ်ဘူလို ကိုခန့်အပ်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ဂါဇာနှင့်လက်ဘနွန်၌ အစ္စရေး၏ထိုးစစ်အတွက် ပံ့ပိုးကူညီပေးနေသည့် ဒီမိုကရက်တစ်သမ္မတဘိုင်ဒင်ကို မလိုလားကြသော အာရပ်အမေရိကန်အများစုကြိ မဲဆွယ်ကာလအတွင်းစုစည်းပေးကာ ထရမ့်ပ်အတွက်အထောက်အကူဖြစ်စေရန်ဆောင်ရွက်ပေးခဲ့သူ လည်းဖြစ်သည်။ ၎င်းစည်းရုံးသည့်အတိုင်းပင် ထရမ့်ပ်သည် အာရပ်အ‌မေရိကန်များ အများဆုံးရှိရာဒေသများတွင် မဲအရေအတွက်အလေးသာဏခဲ့ခြင်းလည်းဖြစ်သည်။ "သူဟာ ရီပတ်ဘလစ်ကန်နဲ့ ကွန်ဆာဗေးတစ်ကို ကာလရှည်ထောက်ခံအားပေးခဲ့သူတစ်ဦးဖြစ်သလို ကျွန်တော့်ရဲ့မဲဆွယ်ကာလမှာလည်း အများကြီးအထောက်အကူပြုခဲ့သူတစ်ဦးပါ၊ဒါ့အပြင် အာရပ်အမေရိကန်လူမျိုးတွေနဲ့ဆက်ဆံရေးအတွက် အထောက်အကူပြုနိုင်မဲ့သူတစ်ဦးလည်းဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။ ထရမ့်ပ်နှင့်ဘူလိုတို့က ရွေးကောက်ခံ ရီပတ်ဘလစ်ကန်သမ္မတသည် အရှေ့အလယ်ပိုင်းသို့ ငြိမ်းချမ်းရေးယူဆောင်လာလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း ဒေသတွင်းအတွက်ထရမ့်ပ်၏အစီအစဉ်များနှင့် ပတ်သက်၍ တိကျသောအသေးစိတ်အချက်အလက်များကိုမူထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ Source...

ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို ထိုင်းတာဝန်ရှိသူများထံ တရားဝင်အကြောင်းကြားခဲ့ဟု နစက ပြောရေးဆိုခွင့်ရှိသူဆို

ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ ၂ ရက်က ရှင်းလင်းပြောကြားခဲ့ပြောသည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၃၀ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ကော့သောင်းမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဥ်တစ်စီးသည် လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု(၅)ခုအား ရေဒါမှတစ်ဆင့်တွေ့ရှိခဲ့သဖြင့် ယင်းနေရာအားသွားရောက်စစ်ဆေးရာ ငါးဖမ်းစက်လှေများဖြစ်ကြောင်းတွေ့ရှိရ၍စစ်ဆေးရန် မီးအချက်ပြရာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့် နံနက် ၃ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071