Wednesday, November 19, 2025

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ်...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ...

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက်...

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု...

ပြည်ပနိုင်ငံသား (၃၁၇) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၃၁၇) ဦးကို...

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန် အရည်အသွေး၊...

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန်အတွက် အရည်အသွေးစံနှုန်းများ (Quality Standards) ၊ ထုပ်ပိုးမှု (Packaging) နှင့် အမှတ်တံဆိပ် (Labelling) တို့ကို...
HomeInternational"ခရစ်စမတ်ဥက္ကာပျံ"ဟု အမည်ပေးထားသော ဥက္ကာခဲတစ်ခု...

“ခရစ်စမတ်ဥက္ကာပျံ”ဟု အမည်ပေးထားသော ဥက္ကာခဲတစ်ခု ကမ္ဘာအနီးမှ ဖြတ်သန်းမည်

ပေ ၄၆၀ အချင်းရှိသည့် “ခရစ်စမတ်ဥက္ကာပျံ”ဟု အမည်ပေးထားသော ဥက္ကာခဲတစ်ခု ယခု သီတင်းပတ်အတွင်း ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း နက္ခတ်ပညာရှင်တို့က သတင်းထုတ်ပြန်သည်။

ယင် ဥက္ကာခဲသည် ကမ္ဘာမှ မိုင်ပေါင်း ၄သိန်း၂သောင်း(ကီလိုမီတာ ၆၇၉,၈၀၀)အဝေးမှဖြတ်သန်းသွားမည်ဖြစ်ကာ၊ ယင်းအကွာအဝေးသည် ကမ္ဘာနှင့် လ အကွာအဝေး၏ ၂ဆနီးပါးရှိသည်။ အဆိုပါ “ခရစ်စမတ်ဥက္ကာပျံ” သည် နက်ဖြန် ကြာသပတးနေ့တွင် ကမ္ဘာနှင့် အနီးဆုံးမှ ဖြတ်သန်းသွားမည်ဖြစ်ပြီး ကမ္ဘာကို မည်သို့မှ အန္တရာယ်ဖြစ်စေမည်မဟုတ်ချေ။

ကမ္ဘာ့တောင်ဖက်ခြမ်းဒေသများမှ အကောင်းဆုံးမြင်တွေ့နိုင်ပြီး ဥရောပနိုင်ငံများမှမူ ယနေ့မှသည် ဒီဇင်ဘာ ၁၉ ရက်အထိကာလများအတွင်း မြင်တွေ့နိုင်မည်ဖြစ်ကြောင်း နက္ခတ်ပညာရှင်တို့က ဆိုထားသည်။

သို့ရာတွင် သာမန်မျက်စိဖြင့် မြင်ရမည်မဟုတ်ပဲ၊ နက္ခတ်ကြည့် မှန်ပြောင်းနှင့် ကြည့်လျှင်သော်မှ ကျွမ်းကျင်သူဖြစ်မှသာလျှင် သိရှိနိုင်မည်ဖြစ်ကြောင်းဆိုသည်။

Ref: Huge 460ft-wide ‘Christmas asteroid’ will skim past Earth this week

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကိုခမ်းနားစွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်ကကျင်းပရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်ကူးအခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာပစ္စည်းများပြပွဲကိုလည်း ထည့်သွင်းပြသထားပြီး ယခုနှစ် နှစ်သစ်ကူးအခမ်းအနားအား ရှမ်းစာပေပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ဒွေနဂရရွှေစေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားများဖြင့် (၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု အတွက် ဆန်အိတ်(၅၀၀)၊ ဆီပိဿာ(၅၀၀)နှင့် ကြက်ဥအလုံး(၅,၀၀၀)နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံဒါဇင်(၃၀၀)တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယာယီနေအိမ်တန်းလျား တိုးချဲ့/ ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် ဝါးဖိုးအဖြစ်ငွေကျပ်သိန်း (၁၅၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

ပြည်ပနိုင်ငံသား (၃၁၇) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၃၁၇) ဦးကို နိုဝင်ဘာ ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသား (၂၆၉) ဦး၊ လာအိုနိုင်ငံသား (၃၁) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၆) ဦးနှင့် တောင်ကိုးရီးယားနိုင်ငံ သား (၁) ဦးတို့အား မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူများထံ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071