ယနေ့ မင်္ဂလာအခမ်းအနား တစ်ခုတွင် မင်္ဂလာ နာယက အဖြစ်ဆောင်ရွက်သော ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်နှင့်ဇနီးတို့သည် ခမာရိုးရာ အရ မင်္ဂလာမောင်နှံ ကံကောင်းစေရန် ဆံပင်ညှပ်ဟန်(အချို့ကတကယ်မညှပ်)ဖြင့် ဆုတောင်းရင်း အမွှေးနံ့သာ တို့ဖြင့်သိဒ္ဓိတင်ပေးကြသည်။
ထိုအစီစဥ်သည် မင်္ဂလာပွဲဒုတိယမြောက်ရက်တွင် လုပ်လေ့ရှိသည်။သတို့သမီးနှင့် သတို့သား၏ဦးခေါင်းမှ ဆံပင်အနည်းငယ်ကို ဖြတ်ခြင်းသည် ကံဆိုးမူများနှင့် မလိုလားအပ်သော အရာအားလုံးကို သန့်စင်ဖြတ်တောက်ကာ အကြင်လင်မယားအဖြစ် ဘဝ၏ အဆင့်သစ်သို့ ကူးပြောင်းခြင်းကို ကိုယ်စားပြုသည်။
ပထမရက်တွင် တင်တောင်းခြင်း၊ဘုန်းတော်ကြီးများထံမှသြဝါဒခံခြင်း၊မိဘများအား ကန်တော့ခြင်းတို့ကိုလုပ်ဆောင်ရသည်။
တတိယရက်တွင် ကမ္ဘောဒီးယား မင်္ဂလာဆောင်၏ အရေးကြီးသော ဂုဏ်ပုဒ်ဖြစ်သည့် ဓားဖြင့်ဘိသိတ်မြောက်သည်။မင်္ဂလာမောင်နှံလက်ထဲတွင် ဓါးကိုကန့်လန့်ထားကာ ဘိသိတ်မြောက်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သစ္စာစောင့်သိမှုနှင့် အိမ်ယာများကို ကာကွယ်ခြင်း၏ သင်္ကေတအဖြစ် ကိုယ်စားပြုခြင်းဖြစ်သည်။
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့်အတိုင်း မင်္ဂလာ ဘိသိတ်မြောက်ခြင်းသည်လည်း သူ့ဒေသနှင့်သူ့ရိုးရာအသီးသီးရှိကြပေရာ ၄င်းတို့ကို အပြန်အလှန်လေးစားမှတ်သားရပေသည်။
Photos-Samdech Hun Sen, Cambodian Prime Minister FB page

