စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စားသောက်ကုန်အရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များတွင် သက်တမ်းကု န်ရက်လွန်ဆေးဝါးနှင့် စားသောက်ကုန်များရောင်းချမှုမရှိစေရေး မတ်လ (၄) ရက်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခန္တီးမြို့တွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Ready Make အသင့်အစားအစာများ၊ ကြာရှည်ခံစည်သွပ်ဘူးများ၊ ဆေးဝါးများအား အဓိကထား စစ်ဆေးခဲ့ကြကာ သက်တမ်းကုန်နေလျင် ရောင်းချမှုမပြုလုပ်ရန် မှာကြားခဲ့ပြီး ထိုသို့လိုက်လံစစ်ဆေးရခြင်းမှာ စားသုံးသူပြည်သူများအား သက်တမ်းကုန်ရက်လွန် အစားအစာ၊ ဆေးဝါးများကြောင့် ဘေးဥပဒ်မဖြစ်စေရန်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
