Monday, November 10, 2025

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၂...

တိုကျို၊ နိုဝင်ဘာ ၁၀ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရိကူး ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။...

စစ်ရေးဆွေးနွေးရန် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အီဂျစ်ရောက်

အီဂျစ်ခေါင်းဆောင်ပိုင်းနှင့် စစ်ရေးဆွေးနွေးရန်အတွက် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီ ရှိုအီဂူသည် လက်နက်နှင့် နျူကလီးယားဆိုင်ရာ အကြီးတန်းအရာရှိကြီးများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တနင်္ဂနွေနေ့တွင် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ကြောင်း...

ရွေးကောက်ပွဲကို‌လေ့လာရန် ပြည်ပမီဒီယာများကို ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာ မီဒီယာများကို သတင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က ပြောကြားလိုက်သည်။ မဲ‌ပေးမှုများကို စောင့်ကြည့်လေ့လာရန် နိုင်ငံခြားသတင်းထောက်များကို ဖိတ်ကြားထားကြောင်း ကော်မရှင်က အောက်တိုဘာ...

ကေ-ပေါ့ပ်အဆိုတော် ဟျူနာ မကာအို၌ စင်ပေါ်တွင်...

နိုဝင်ဘာ ၁၀ တောင်ကိုရီးယားအဆိုတော် ဟျူနာသည် နိုဝင်ဘာလ ၉ ရက်နေ့က မကာအို၌ ကျင်းပသည့် ဂီတပွဲတော်တစ်ခုအတွင်း လဲကျသွားရာ ၎င်း၏ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ...
HomeInternationalခင်ပွန်းလောင်းနှင့် အလုပ်အတူလုပ်ရန် တော်ဝင်ဘွဲ့ဂုဏ်အား...

ခင်ပွန်းလောင်းနှင့် အလုပ်အတူလုပ်ရန် တော်ဝင်ဘွဲ့ဂုဏ်အား စွန့်လွှတ်လိုက်သည့် နော်ဝေမင်းသမီး

နော်ဝေးနိုင်ငံမှ မင်းသမီး မာတာ လူးဝစ်သည် စေ့စပ်ထားသူနှင့်အတူ ၎င်း၏ ကိုယ်ပိုင် သဘာဝကုထုံး ဆေးဝါးလုပ်ငန်းတွင် အာရုံစိုက်နိုင်ရန်အတွက် မင်းသမီးဘွဲ့ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နန်းတော်က ထုတ်ပြန်ခဲ့သည်။

“မင်းသမီးလေးဟာ တော်ဝင် အမှုထမ်းဆောင်တဲ့ ရာထူးကို စွန့်လွှတ်လိုက်ပြီ ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာတော့ တော်ဝင်နန်းတော်ကို ကိုယ်စားပြုတော့မှာ မဟုတ်ပါဘူး” ဟု နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ဘုရင့်အလိုတော်အရ မင်းသမီးအား ၎င်း၏ ဘွဲ့ဂုဏ်ပုဒ်အား ဆက်လက် ဆက်ခံခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

မင်းသမီးနှင့် ခင်ပွန်းလောင်း ဗဲရစ်တ်တို့ လက်ထက်လိုက်သည်နှင့် ဗာရက်သည် တော်ဝင်မိသားစုဝင် ဖြစ်လာမည် ဖြစ်သော်လည်း ဘွဲ့ဂုဏ်ပုဒ် ရရှိမည် မဟုတ်ကြောင်းနှင့် နန်းရေးရာတွင် မဲပေးနိုင်မည် မဟုတ်ကြောင်း နန်းတော်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် နန်းတော်ပိုင် ဆိုရှယ်မီဒီယာ ရုပ်သံလှိုင်းများ၊ ရုပ်သံ ထုတ်လုပ်ရေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် တော်ဝင်မိသားစုနှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ရှောင်ကြဉ်ရန် သဘောတူညီခဲ့ကြသည်။

မင်းသမီးက ၎င်း၏ ပုဂ္ဂိုလ် ထင်မြင်ချက်များ၊ ပြောကြားချက်များကို မိမိတစ်ဦးတည်းကသာ တာဝန်ခံလိုပြီး နန်းတော်မှ ပြန်လည်ဖြေရှင်းပေးစရာ မလိုရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

Source: TheGuardian

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

တိုကျို၊ နိုဝင်ဘာ ၁၀ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရိကူး ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် လေးနာရီ နှစ်ဆယ့်သုံးမိနစ် (၀၇၂၃ ဂရင်းနစ်စံတော်ချိန်) တနင်္လာနေ့တွင် ငလျင်လှုပ်ခြင်းဖြစ်‌ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာခန့်တွင် စတင်ဖြစ်ပွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု အနည်းငယ်ဖြစ်ပေါ်နိုင်သော်လည်း ဆူနာမီဖြစ်နိုင်သည့် အန္တရာယ်မရှိကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် တိုဟိုကူဒေသတဝှမ်းရှိ နေရာအများအပြားတွင် ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ အဆင့်တွင်...

စစ်ရေးဆွေးနွေးရန် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အီဂျစ်ရောက်

အီဂျစ်ခေါင်းဆောင်ပိုင်းနှင့် စစ်ရေးဆွေးနွေးရန်အတွက် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီ ရှိုအီဂူသည် လက်နက်နှင့် နျူကလီးယားဆိုင်ရာ အကြီးတန်းအရာရှိကြီးများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တနင်္ဂနွေနေ့တွင် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ကြောင်း အာရ်အိုင်အေ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ရှိုအီဂူသည် အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖက်တာ အယ်လ်စစ်စီ၊ အီဂျစ်နိုင်ငံတော်လုံခြုံရေးအကြံပေး၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအပြင် အခြားလုံခြုံရေးနှင့် ထောက်လှမ်းရေးအကြီးတန်းအရာရှိများနှင့်လည်း တွေ့ဆုံသွားမည်ဟု အာရ်အိုင်အေက ဆိုသည်။ “ဦးစားပေး အကြောင်းအရာများတွင် စစ်ရေးနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အမြင့်ဆုံးအဆင့်တွင် ရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး အလားအလာများ ပါဝင်သည်” ဟု...

ရွေးကောက်ပွဲကို‌လေ့လာရန် ပြည်ပမီဒီယာများကို ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာ မီဒီယာများကို သတင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က ပြောကြားလိုက်သည်။ မဲ‌ပေးမှုများကို စောင့်ကြည့်လေ့လာရန် နိုင်ငံခြားသတင်းထောက်များကို ဖိတ်ကြားထားကြောင်း ကော်မရှင်က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ မြန်မာအစိုးရသည် ဒီဇင်ဘာလ ၂၈ ရက်‌နေ့မှ စတင်ကာ ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပသွားမည်ဟု ကြေညာထားသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများကို စိစစ်ကာလာရောက်‌လေ့လာခွင့်ပြုမည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဂလိုဘယ်နူးလိုက်အော့ဖ် မြန်မာသတင်းစာတွင် ရေးသားဖော်ပြထားသည်။ မည်သည့်မီဒီယာများကို လာရောက်လေ့လာခွင့်ပြုမည်ကိုမူ မသိရ‌သေးပါ။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန်အတွက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ဝါရင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071