Sunday, May 18, 2025

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ မိုးကြိုးပစ်၍ လူ ၁၄...

နူးဒေလီ၊မေ ၁၇ အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဩဒိရှပြည်နယ်၌ သောကြာနေ့က မိုးကြိုးပစ်၍ လူ ၁၄ ဦး ထက်မနည်း ‌ေ-သဆုံးကာ လူအချို့ ထိခို-က်ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။ သောကြာနေ့ကသည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့်...
HomeCelebrities' Newsခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရိုက်ခဲ့ရတဲ့ဇာတ်ကားအကြောင်း အောင်မြင့်မြတ်ပြောပြ

ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရိုက်ခဲ့ရတဲ့ဇာတ်ကားအကြောင်း အောင်မြင့်မြတ်ပြောပြ

အနုပညာလောကကို ခြေလှမ်းခပ်စိတ်စိတ်နဲ့ ဝင်ရောက် လာပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူကတော့ အောင်မြင့်မြတ်ပါ။ တပ်မတော်နေ့ အထူးပြုဇာတ်ကားဖြစ်တဲ့ နာရီ ၁၁ဝ ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံ ရရှိထားသူလည်းဖြစ်ပါတယ်။ တပ်မ တော်နေ့အထူးပြုဇာတ် ကားမှာ ပါဝင်ဖြစ်ပုံနဲ့ပတ်သက်ပြီး အောင်မြင့်မြတ်က အခုလို ပြောပြခဲ့ပါတယ်။

“ဆရာမင်းခိုက်စိုးစံနဲ့ ကျွန်တော်နဲ့ကHospital ဒိုင်ယာရီ ဇာတ်လမ်းတွဲကတည်းက ရင်းနှီးလာတာ အခုဆရာတို့က ဒီကားရိုက်ခါနီးကျတော့ ကျွန်တော့်ကို ဆက်သွယ်တယ်။ ဒီ ကားကို ကျွန်တော်နဲ့ ရိုက်ချင်တယ်။ သူတို့ရေးထားတဲ့ ကား ဆိုပြီး လာပြောတော့ ကျွန်တော်လည်း ဆရာတို့ ရေးထားတာ ဆိုတော့ ရိုက်ချင်တယ်။ ဗိုလ်မှူးတင်အောင်စိုးတို့၊ ကိုကြီးဗညား တို့နဲ့က ပြည်ထောင်စုသစ္စာမှာကတည်းက ရင်းနှီးလာတာ တစ်တပ်လုံးနဲ့လည်း အရမ်းရင်းနှီးနေတော့ ကျွန်တော်ရိုက် မယ်ဆိုတော့ သူတို့လည်း ပျော်ကြတယ်။ အဲဒီလိုနဲ့ ဒီကားလေးကို ရိုက်ဖြစ်သွားတယ်။ ဒီကားကို ရိုက်ခါနီးကျမှ စာချုပ် ချုပ် ဖြစ်သွားတာ။ အစတုန်းက အခြား ကားတွေနဲ့ တိုက်နေလို့ ရိုက်မယ် မရိုက်ဘူးဖြစ်သွားသေးတယ်”လို့ ပြောပြပါတယ်။
ဆက်လက်ပြီး အောင်မြင့်မြတ်က ဒီလိုစစ်ဘက်ဆိုင်ရာ အတွေ့အကြုံတွေက စစ်ကား ရိုက်မှရတာ။ ကျွန်တော်အဓိက ဒီကားရိုက်တဲ့ ရည်ရွယ်ချက်က အတွေ့အကြုံကို လိုချင်တယ်။ စစ်ကားနဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားတွေ အကုန်လုံးသည် တပ်မတော်က ပစ္စည်းရော၊ အချက်အလက်ရော ထောက်ပံ့ပေးတယ်ဆိုတာလည်း ကျွန်တော်သိတယ်။ အဓိကက အတွေ့အကြုံကို လိုချင်လို့ ရိုက်ဖြစ်သွားတာပါ”လို့ လည်း ပြောပြခဲ့ပါသေးတယ်။

“အခက်အခဲတွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ စပြီးတော့ မြိတ်ကျွန်းစုမှာ စရိုက်တယ်။ အဲဒီမှာ နှစ်ပတ်လောက် သွားနေပြီး ရိုက်တယ်။ ပင်လယ်ထဲကို တကယ်ထွက်ပြီးတော့ ကျွန်တော်ရယ်၊ ကိုလင်းမြတ်ရယ်၊ စုလင်းရှိန်ရယ် သုံးယောက် ဖောင်ကြီးပေါ်ကနေ ခုန်ချတဲ့အခန်းဆိုရင် အဲဒီအခန်းရိုက်တုန်းကဆို အောက်က အနက်ကြီးပဲ၊ ပေ ၃ဝ လောက်ရှိတယ်။ ငါးတွေလည်း မြင်နေရတယ်။ ရိုက်ရမှာက ခုန်ချပြီးတော့ ဟိုဘက်က လှေဆီကို ကူးတဲ့အခန်းကို ရိုက်ရမှာ။ ရေကလည်း အရမ်းစီးနေတယ်။ ရေကူးကလည်း ကျွန်တော်က ငယ်ငယ်က သင်ထားတဲ့ အခြေခံပဲရှိတာ၊ ဖြစ်ပါ့မလားဆိုပြီး ကျွန်တော်ရော၊ လင်းမြတ်ရော လန့်နေတာ။ ရေထဲဆင်းပြီဆိုတာနဲ့ ပင်လယ်ပြင် သက်စောင့်တွေက ကျွန်တော်တို့ဘေးမှာ အမြဲပါတယ်။ တပ်မတော် ရေကနေပြီးတော့ ပင်လယ်ပြင်သက် စောင့်လေးယောက်လောက်က ရေထဲမှာ အမြဲစောင့်နေတယ်။ မျောသွားရင် လိုက်ဆယ်ဖို့။ ပထမတစ်ခေါက် ကျွန်တော်တို့ ခုန်ချတုန်းက အန်တာ ၆ ခေါက်၊ ၇ ခေါက်လောက် အန်တာ။ ဗိုက်ထဲက အစာတွေ အကုန် ကုန်သွားတယ်။ ပြီးတော့ ရေသောက်ပြီး အဲဒီအခန်းကို မရရအောင် ဆက်ရိုက်တယ်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေချည်းပဲ။ ပေါင်မှာဆို ပိုဆိုးတယ်။ ရေထဲဆင်းလိုက်တဲ့အချိန်မှာ အောက်က ခရုတွေထိုးတာ ပေါင်တွေမှာ သွေးတွေကိုရဲလို့ တက်လာပြီးဆိုတာနဲ့အဲမှာရှိတဲ့ တံငါသည်တွေက ဒဏ်ရာ တွေကို နနွင်းမှုန့်တွေ သိပ်ပေးတယ်။ တကယ်ငရဲခန်းဖြတ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့လုံးနဲ့ ကျွန်တော်တို့ မင်းသားတွေ ၇ ယောက်၊ ၈ ယောက်လောက် ပေါင်းပြီးတော့ ရိုက်ကြတာ။ သူတို့လည်း အရမ်းပင်ပန်းတယ်။ သူတို့တောင်ပြောတယ်။ ငရဲပတ်က ငါးရက်ပဲဖြတ်ရတာ။ ကျွန်တော်တို့ ရိုက်တာ နှစ်လသုံးလလောက်ကြာတယ်။ သူတို့က မရိုက်တော့ဘူး။ ငရဲပတ်ဘဲ ပြန်ဖြတ်တော့ မယ်ဆိုပြီး တော့တောင် ပြောနေကြ သေးတယ်”ဆိုပြီး အမှတ်တရရှိခဲ့တဲ့ အကြောင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့် FBI ညွှန်ချုပ်ဟောင်းအား ထောက်လှမ်းရေးက ခေါ်စစ်

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောကြားခဲ့သည်။ X (ယခင်က Twitter)၌ ပို့စ်တင်ရာတွင် နိုအမ်က "ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ" ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ကိုမီးအား နောက်ထပ်အရေးယူမှုများ ခံရနိုင်ခြေရှိမရှိနှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မဖော်ပြခဲ့ပေ။ အမည်ဖော်ပြလိုခြင်းမရှိသော တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦး၏ အဆိုအရ သမ္မတလုံခြုံရေးတာဝန်ယူထားသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Secret Service မှ ကိုမီးအား...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်အားလုံးကို ဖိတ်ကြားခဲ့သည်ဟု ခရမ္မလင်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ရုရှားသတင်းဌာနများက စနေနေ့တွင် သတင်းရေးသားဖော်ပြခဲ့ကြသည်။ “ဒီအစည်းအဝေးဟာ ကျွန်တော်တို့နိုင်ငံတွေအကြား အပြန်အလှန် အကျိုးရှိသောဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေမယ်ဆိုတာနဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နည်းလမ်းရှာဖွေရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပူတင်ကပြောကြားထားကြောင်း အင်တာဖက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့်...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ် (၇၄၅) တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ နှင့် ထိ​တွေ့ပစ်ခတ်မှု့နှင့်ပတ်သက်၍  အချက်အလက်များကို  ဓာတ်ပုံအထောက်အထားများဖြင့် ထုတ်ပြန်ထားသည်။ Ubon Ratchathani ပြည်နယ်ရှိ အဆိုပါဖြစ်ရပ်တွင် က​မ္ဘောဒီးယားဖက်မှ ကတုတ်ကျင်းများတူးကာ အခြေစိုက်စခန်းတည်ဆောက်ရန် ပြင်ဆင်မှုများလည်း ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံမှ Suranaree Task Force သည် ကမ္ဘောဒီးယား တပ်မ​တော်ဖက်နှင့် ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ကမ္ဘောဒီးယားဘက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071